Pages

Thursday, March 17, 2016

ဝက်သက်ရောဂါ ( Measles) အကြောင်း သိကောင်းစရာ



ဒေါက်တာလွင်သန့် (ဆေး-၂)

အသက်ရှူ လမ်းကြောင်းက တစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ကတော့ အအေးမိခြင်း၊ နှာစေး၊ ချောင်းဆိုးခြင်း၊ ရုတ်တရက် ဗိုင်းရပ်စ်ပိုး ဝင်ရောက်ခြင်း၊ ဝက်သက်ရောဂါ၊ ဦးနှောက် အမြှေးရောင် ရောဂါ၊ ကြက်ညှာ ချောင်းဆိုးနဲ့ မျက်စိနာခြင်း တို့ ဖြစ်ပါတယ်။

ဒီရောဂါတွေ ထဲက ဝက်သက်ရောဂါ ဟာ ဝက်သက် ဗိုင်းရပ်စ်လို့ ခေါ်တဲ့ Measles ဗိုင်းရပ်စ်ကြောင့် ကူးစက်ခြင်း ဖြစ်ပါတယ်။ ရောဂါပိုးရှိသူ ချောင်းဆိုး၊ နှာချေခြင်းက တစ်ဆင့် ထွက်ရှိလာတဲ့ ဗိုင်းရပ်စ်ပိုး ပါတဲ့ လေကို ရှူရှိုက်မိရင် ကူးစက်နိုင် ပါတယ်။

ရောဂါရှိသူနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံခြင်း ကနေလည်း ကူးစက်နိုင် ပါတယ်။ ဝက်သက်ရောဂါ ကူးစက်ခံ ရပြီဆိုရင် အဓိက ရောဂါလက္ခဏာ အနေနဲ့ လေးရက် အတွင်း မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်မှာ အနီစက်တွေ ပေါ်လာပါမယ်။ အဲဒီကနေ နောက်လေးရက် အတွင်း တခြားလူကို ကူးစက်နိုင် ပါတယ်။ ဝက်သက်ရောဂါ ဟာ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လ တွေမှာ အဖြစ်များပြီး တစ်နှစ်ပတ် လုံးလည်း ကူးစက် ဖြစ်ပွားနိုင် ပါတယ်။

နောက်ထပ်ရောဂါ လက္ခဏာတွေ ကတော့ နှာစေး၊ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ မျက်စိနီခြင်းနဲ့ ဝမ်းလျှောခြင်း တို့ ဖြစ်ပါတယ်။ ဒီလို လက္ခဏာ တွေဟာ ခုနစ်ရက် ကနေ ၁၈ ရက်အထိ ဖြစ်လေ့ရှိပြီး ၁၉ ရက်ကနေ ၂၁ ရက်အထိ ကြာမြင့်နိုင် ပါတယ်။ အဲဒီရက် တွေမှာ ရောဂါဖြစ်သူကို သီးသန့်ထား ရပါမယ်။ ဒါမှသာ ရောဂါကူးစက်မှု လျော့ကျစေမှာ ဖြစ်ပါတယ်။

ဝက်သက်ရောဂါ ဖြစ်ပြီဆိုရင် ဆိုးကျိုးအနေနဲ့ အအေးမိ လွယ်ခြင်း၊ အာဟာရ ချို့တဲ့ ခြင်းတို့ ဖြစ်နိုင်သလို အသက် အန္တရာယ်လည်း စိုးရိမ်ရပါတယ်။ သေဆုံးမှုနှုန်း ၃ ရာခိုင်နှုန်း ကနေ ၆ ရာခိုင်နှုန်း အထိ ရှိနိုင်ပါတယ်။ ဒါကြောင့် ဝက်သက်ရောဂါ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ရောဂါရှိ နေပြီလို့ သံသယ ဖြစ်ရင် ချက်ချင်း ဆေးကုသမှု ခံယူဖို့ လိုပါတယ်။ လူနာကို သီးသန့်နေရာမှာ ထားဖို့နဲ့ နှာခေါင်းစည်း တပ်ဆင်ပေးဖို့ လိုပါတယ်။ လူနာ အပါအဝင် လူနာနဲ့ တိုက်ရိုက် ထိတွေ့ သူတွေ အနေနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုပြု ဆောင်ရွက်သင့် ပါတယ်။

လက်ကိုဆပ်ပြာနဲ့ ဆေးတဲ့အခါ အနည်းဆုံး စက္ကန့် ၂ဝ ကြာအောင် ဆေးရပါမယ်။ စည်းကမ်းမဲ့ တံတွေးထွေးခြင်း ကို ရှောင်ရပါမယ်။ လူနာကို အာဟာရ ပြည့်ဝစေတဲ့ အစာကျွေးဖို့ လိုပါတယ်။ ကလေးငယ်ေ တွမှာ ဝက်သက်ရောဂါ မဖြစ်ပွား ရအောင် ဗီတာမင်အေ အားဆေးကို အသက်ကိုးလမှာ တစ်ကြိမ်၊ အသက်တစ်နှစ်ခွဲ မှာတစ်ကြိမ် တိုက်ကျွေး ရပါမယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment