Pages

Tuesday, March 29, 2016

အမေရိကန်နိုင်ငံ Indian River Lagoon ဖြစ်၌ အယ်လ်နီညို ကြောင့် ငါးမျိုးစိတ်များ ထောင်နှင့်ချီ သေဆုံးမှုဖြစ်ပေါ်




နယူးယောက် ၊ ၂၉-၃-၂၀၁၆

ရာသီဥတု ဖောက်ပြန်မှု များကြောင့် အယ်လ်နီညို အားပြင်းထန်၍ ပင်လယ်ရေ မျက်နှာပြင် ပူနွေးကာ အမေရိကန်နိုင်ငံ ဖလော်ရီဒါရှိ Indian River Lagoon မြစ်၌ ငါးမျိုးစိတ်ပေါင်း များစွာ ထောင်နှင့်ချီ သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း Daily Mail သတင်းဌာနက မတ် ၂၆ ရက်တွင် ဖော်ပြသွား ခဲ့သည်။

ခြောက်သွေ့ရာသီ ရောက်တိုင်း ဖလော်ရီဒါ ကမ်းခြေတွင် အယ်လ်နီညိုများ ဝင်ရောက်လာ တတ်ပြီး ရေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်လေ့ ရှိသည်။ သို့ရာတွင် ယခုတစ်ကြိမ် သေဆုံးသွား ခဲ့သည့် ငါးအရေအတွက်မှာ ဆယ်စုနှစ် အတွင်း အဆိုးရွားဆုံးသော သေဆုံးမှု ဖြစ်ကြောင်း ငါးလုပ်ငန်း တာဝန်ခံ ကပ္ပတိန် အဲလက်စ် က ပြောကြားခဲ့သည်။

''Indian River Lagoon မြစ်ကြောင်း တစ်လျှောက်မိုင် ၃ဝလောက်ထိကို ငါးတွေ သေနေတာ တွေ့ရပါတယ်။ ဒီသေဆုံးမှုမှာ နှစ်ပေါင်း ၃၅ နှစ်အတွင်း တစ်ကြိမ် တစ်ခါမှ မမြင်ဖူးသေးတဲ့ ငါးမျိုးစိတ် တွေလဲ ပါဝင်နေတာ တွေ့ရ ပါတယ်။ ကျွန်တော့်အမြင် အရဒါဟာ မတော်တဆ သေဆုံးမှုမဟုတ် ပါဘူး။ ကျွန်တော်တို့ အနေနဲ့ မြစ်ကြောင်း တစ်လျှောက်ကို အသေးစိတ် လိုက်လံကြည့်ရှု သွားမယ်။ ဒါ့ပြင် သေဆုံးတဲ့ ငါးတချို့ကို ယူပြီး ဓာတ်ခွဲခန်းမှာ စမ်းသပ် စစ်ဆေးမယ်။ သဘာဝဘေးဒဏ် ကြောင့် ဖြစ်သွားတယ် ဆိုတဲ့အချက်ထက် ပိုမယ်လို့ ကျွန်တော်တို့ ယူဆတယ်။ အခုလဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ လုပ်နေပါပြီ '' ဟု ကပ္ပတိန် အဲလက်စ် က ပြောကြားခဲ့သည်။

'' Indian River Lagoon မြစ်ဟာ ကျွန်တော်တို့ ဒေသကို နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံထိ ဝင်ငွေရတဲ့ ရေ သယံဇာတ အရင်းအမြစ်တစ်ခု လို့ သတ်မှတ်ရင်လဲ မမှားပါဘူး။ ဒီလို အရေးပါလှတဲ့ မြစ်ရေထဲမှာ ဆယ်စုနှစ် တစ်ခုရဲ့ အဆိုးရွားဆုံး ကပ်ဘေးတစ်ခု ဖြစ်သွားတာ အင်မတန်မှ စိတ်ပျက်ဖို့ ကောင်းပါတယ် '' ဟု Indian River Lagoon Research Institute မှ ဒါရိုက်တာ ရောဘတ်ဝီဗာ က ပြောကြား သွားခဲ့ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၁)

No comments:

Post a Comment