Pages

Tuesday, March 8, 2016

ဦးနှောက်ဖွံ့ဖြိုးမှု အတွက် အရေးပါသောဆဲလ်ကို ဇီကာဗိုင်းရပ်စ်က သေစေနိုင်




နယူးယောက် ၊ ၈-၃-၂၀၁၆

ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသော ကိုယ်ဝန်ဆောင် အမျိုးသမီးများမှ မွေးဖွားလာသော ကလေးငယ် များတွင် ဦးနှောက်ကျုံ့ နေတတ်သည်မှာ ဇီကာဗိုင်းရပ်စ် ၏ တိုက်ရိုက် အကျိုး သက်ရောက်မှု ဖြစ်နိုင်ခြင်း ရှိ၊ မရှိ စူးစမ်းလေ့လာ နေသော အမေရိကန် သုတေသီ များသည် ဇီကာဗိုင်းရပ်စ် အနေဖြင့် ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အရေးပါသော ဆဲလ်တစ်မျိုးကို တိုက်ရိုက် ကူးစက်ကာ သေစေနိုင် သည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို တွေ့ရှိချက်သည် ဇီကာဗိုင်းရပ်စ် ကြောင့် ဦးနှောက်ကျုံ့ သည့် တိုက်ရိုက် ပတ်သက်မှု အဖြစ် အထောက်အထား ဖြစ်မလာ သော်လည်း ဦးနှောက် ကျုံ့သွားသည် ထိ ဦးနှောက်ဆဲလ်များ ပျက်စီးကုန် စေသည့် အကြောင်းရင်း အဖြစ် ပညာရှင်များက လက်ခံထားသည်။ ထို့ပြင် ဇီကာဗိုင်းရပ်စ် က ဦးနှောက်တွင်း မည်သည့်နေရာ ရွေးချယ် တိုက်ခိုက်သည်ကို ဖော်ထုတ်နိုင် လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

''ဦးနှောက်ကျုံ့ပြီး မွေးလာတဲ့ ကလေးတွေဟာ လူစဉ်မမီ နိုင်တော့ပါဘူး။ ဒီအဖြစ်ဆိုးကို ထိန်းချုပ်နိုင် အောင်လို့ သုတေသန ပြုလုပ်ရာမှာ ဇီကာဗိုင်းရပ်စ် က ဦးနှောက်ရဲ့ ဘယ်နေရာကို တိုက်ခိုက်တယ် ဆိုတာ တိတိကျကျ ထုတ်ဖော်နိုင် ခဲ့ပါပြီ။ ဒါပေမဲ့ ဒါဟာ ဇီကာဗိုင်းရပ်စ် ကို တိုက်ဖျက်ဖို့  လုံလောက်တဲ့ အရင်းအမြစ် တော့ မဟုတ်သေး ပါဘူး။ အခုထက် အများကြီး ပိုတဲ့ သုတေသနတွေ လုပ်ရအုံးမှာ ဖြစ်ပါတယ်'' ဟု ဘယ်လ်တီမော အခြေစိုက် ဂျွန်ဟော့ပ်ကင်း ဆေးတက္ကသိုလ် မှ ဦးနှောက်နှင့် အာရုံကြော သုတေသီ ဟောင်ဂျွန်ဆောင်း က ပြောပြသည်။

သို့ဖြစ်၍ ဇီကာဗိုင်းရပ်စ် ၏ ဦးနှောက် ပင်စည်ဆဲလ်ကို ကူးစက် ဖျက်ဆီးနိုင်မှု ထိန်းချုပ် ကာကွယ် နိုင်ရန် နည်းလမ်းများကို ပညာရှင် များက ဆက်လက်ရှာဖွေ နေကြကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment