Pages

Friday, March 18, 2016

အင်းလေးကန်ရေပြင်၌ ကျွန်းမျောများ တိုးချဲ့ခွင့် မပြုသောကြောင့် ကျွန်းမျော ပေ ၁၀၀ လျှင် ငွေကျပ် နှစ်သိန်းအထိ မြင့်တက်



ညောင်ရွှေ ၊ ၁၈-၃-၂၀၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးကန် တိမ်ကောမှု သက်သာစေရန် ကန်ရေပြင်၌ ကျွန်းမျောများ တိုးချဲ့ စိုက်ပျိုးမှုကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ တားမြစ်ထားသည့် အတွက် ကျွန်းမျော အလျားပေ ၁ဝဝ လျှင် ငွေကျပ် နှစ်သိန်း ဝန်းကျင် အထိ ဈေးနှုန်းမြင့်တက် လာသည်ဟု ဒေသခံ တောင်သူများ ထံမှ သိရသည်။

ကျွန်းမျော များသည် သဘာဝရေပေါ် ကိုင်းတောကြီး ဖြစ်ပြီး အင်းလေး ဒေသခံများက စိုက်ပျိုးရေးတွင် အဓိက အသုံးပြု ရသည့် စိုက်ပျိုးမြေ ဖြစ်ရာ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် ကျွန်းမျော အလျားပေ ၁ဝဝ ကို ငွေကျပ် ၈ဝဝဝဝ ရှိခဲ့ရာမှာ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် အလျားပေ ၁ဝဝ လျှင် ငွေကျပ် နှစ်သိန်း ဝန်းကျင် အထိ ဈေးနှုန်းမြင့်တက် လာခဲ့သည်။

ယခုနှစ်တွင် အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် အင်းလေးကန် သည် ရေလျော့နည်းမှု ပြဿနာကို ရင်ဆိုင် နေရသည့် အတွက် အင်းလေးကန် ရေရှည် တည်တံ့ရန် စီမံချက်များ ချမှတ် ဆောင်ရွက်လျက် ရှိပြီး ကန်ရေပြင် တိမ်ကောမှု သက်သာစေရန် ကျွန်းမျော တိုးချဲ့ စိုက်ပျိုးမှု များကို တားမြစ်ထား သောကြောင့် ကျွန်းမျောများ ဝယ်ယူရသည့် ဈေးနှုန်းသည် မြင့်တက်လာခြင်း ဖြစ်သည်။

ရေပြင်ပေါ်၌ မြုပ်တစ်ဝက်၊ ပေါ်တစ်ဝက် ရွေ့လျားနိုင်သည့် သဘာဝ ကိုင်းတောကြီး ဖြစ်ပြီး အင်းလေး ဒေသ၏ စိုက်ပျိုးရေး လုပ်ငန်းတွင် အဓိက အသုံးပြု နိုင်သည့် စိုက်ပျိုးမြေ လည်း ဖြစ်သည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment