Pages

Tuesday, March 1, 2016

နှစ်ပေါင်း ၁၆၀ ကျော်က တိုင်ပေါင်း ၃၄၄ တိုင်ဖြင့် တည်ဆောက်ထားသည့် မအူရွာတံတား



ရေစကြို ၊ ၁-၃-၂၀၁၆

မကွေးတိုင်း ဒေသကြီး ရေစကြိုမြို့နယ် အတွင်းမှ မအူအင်း ကိုဖြတ်၍ မအူငယ်ရွာနှင့် မအူအလယ်ရွာ ကို တောင်သမန် တံတားကဲ့သို့ ဆက်သွယ် တည်ဆောက် ထားသော မအူရွာတံတား တစ်စင်းရှိသည်။

မအူရွာ တံတားသည် ရေစကြို မြို့နယ်အတွင်းရှိ မအူအင်းကို ဖြတ်၍ တည်ဆောက် ထားသော တံတားတစ်စင်း ဖြစ်သည်။ အဆိုပါ တံတားကို ပြီးခဲ့သည့် နှစ်ပေါင်း ၁၆ဝ ကျော်က တည်ဆောက်ထား ခဲ့သည့် သစ်သားတံတား တစ်စင်း ဖြစ်ကြောင်း ကမ္ပည်း ရေးထိုးထားသော မှတ်တမ်း ကျောက်တိုင်ပါ စာအရ သိရသည်။

မအူရွာတံတား တည်ဆောက် ထားပုံသည် တောင်သမန် တံတား နှင့်ဆင်တူပြီး တံတားပေါ်တွင် ခေတ္တ နားနေဆောင် သုံးဆောင်ကိုလည်း ထည့်သွင်း တည်ဆောက် ထားကာ တိုင်ပေါင်း ၃၄၄ တိုင်ဖြင့် တည်ဆောက် ထားကြောင်း၊ တံတား တိုင်အရေအတွက် ကို မှတ်သား ထားသည့် ''တံတား တိုင်ပေါင်း ညောင်ရေလောင်း'' ဟူသော သင်္ချာနည်းဖြင့် ရေးသား ထားသော မှတ်တမ်းစာအရ သိရသည်။

အဆိုပါ မအူရွာရှိ သစ်သား တံတားသည် နှစ်ပေါင်းကြာလာ သည်နှင့်အမျှ သဘာဝ ရာသီဥတု ၏ ရေဒဏ်၊ လေဒဏ်၊ မိုးဒဏ်တို့ နှင့်အတူ အခြားသော အကြောင်း အမျိုးမျိုးကြောင့် မြန်မာ သက္ကရာဇ် ၁၃၁ဝ ပြည့်နှစ် ဒုတိယဝါဆို လဆန်း ၆ ရက်က ပြန်လည်ပြုပြင် မွမ်းမံခဲ့ကြောင်း မှတ်တမ်း ကျောက်စာတိုင်ပါ ကမ္ပည်းစာ အရ သိရသည်။ (၁၄၈)

ရတနာပုံနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment