Pages

Friday, March 25, 2016

ကိုရီးယားနိုင်ငံရှိ မြန်မာကုန်သွယ်မှု ဗဟိုဌာနပြခန်း အတွက် မြန်မာ့ထုတ်ကုန် ပစ္စည်းများ ပေးပို့နိုင်ရန် ဖိတ်ခေါ်



ရန်ကုန် ၊ ၂၅-၃-၂၀၁၆

ယခုအခါ မြန်မာနိုင်ငံ အနေဖြင့် ဈေးကွက်စီးပွားရေး စနစ်ကို တွင်ကျယ် ခိုင်မာစွာ အကောင် အထည်ဖော် လုပ်ကိုင် ဆောင်ရွက် ကာ ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက် လာစေရေး၊ နိုင်ငံတကာ အရည် အသွေးမီ ကုန်ပစ္စည်းများ ထုတ်လုပ် ရောင်းချနိုင်ရေး၊ နိုင်ငံတကာ ဈေးကွက်များတွင် ဈေးကွက် ယှဉ်ပြိုင် ရောင်းချ နိုင်ရေးနှင့် နိုင်ငံတကာ ဈေးကွက်သစ်များ တိုးတက်ရရှိ လာစေရေး အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့ များနှင့် စီးပွားရေး လုပ်ငန်းများမှ ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ ဆောင်ရွက်ချက်များ အရ မြန်မာ့ထွက်ကုန် ပစ္စည်းများကို နိုင်ငံတကာမှ သိရှိလာစေရန် နှင့် ဈေးကွက်သစ်များ တိုးတက်ရရှိ လာစေရန် အတွက် ပြည်ပနိုင်ငံ များတွင် မြန်မာ ကုန်သွယ်မှု ဗဟိုဌာန(Myanmar Trade Center) ဖွင့်လှစ် ဆောင်ရွက်လျက် ရှိရာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ၊ ကုန်သွယ်မှု မြှင့်တင်ရေး နှင့် စားသုံးသူရေးရာ ဦးစီးဌာန နှင့် Myanmar Inspection and Testing Services Korea Co., Ltd (MITSK) တို့ပူးပေါင်း ၍ ကိုရီးယားသမ္မတ နိုင်ငံ၊ ဆိုးလ်မြို့၌ ယခုနှစ် ဇန်နဝါရီ ၂၅ ရက်က မြန်မာကုန်သွယ်မှု ဗဟိုဌာန Myanmar Trade Center (Seoul) ကိုဖွင့်လှစ်ခဲ့ပြီ ဖြစ်သည်။

အဆိုပါ မြန်မာ ကုန်သွယ်မှု ဗဟိုဌာန Myanmar Trade Center (Seoul) သည် မြန်မာနိုင်ငံ၏ နိုင်ငံခြားတွင် ဖွင့် လှစ်သည့် ပထမဆုံး ကုန်သွယ်မှုစင်တာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုရီးယားနိုင်ငံတွင် ဖွင့်လှစ်ဆောင်ရွက် နေသည့် မြန်မာ ကုန်သွယ်မှု စင်တာ(ဆိုးလ်)တွင် ကိုရီးယားနိုင်ငံနှင့် နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းရှင်များက မြန်မာ့ထွက် ကုန်ပစ္စည်းများကို လေ့လာ ၀ယ်ယူနိုင်ရန် နှင့် မြန်မာ့ကုန်သွယ်မှု လုပ်ငန်းများ တိုးမြင့်လာစေရန် ရည်ရွယ်၍ မြန်မာ့ထုတ်ကုန် ပစ္စည်းများကို ပြသထားမည် ဖြစ်သည်။

ထိုသို့ ပြည်ပနိုင်ငံများတွင် ကုန်သွယ်မှု စင်တာများ ဖွင့်လှစ်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု သတင်းအချက် အလက်များ၊ ပို့ကုန်နှင့် ပတ်သက်သည့် စာရွက်စာတမ်း များကို ထိရောက် လွယ်ကူစွာ ဖြန့်ဝေနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

No comments:

Post a Comment