Pages

Thursday, March 31, 2016

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတွင် သွားရောက်နေထိုင် ကြသော မြန်မာနိုင်ငံသား ၆၈ ဦး ပြန်လည်ဝင်ရောက်


အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဝင်း ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှ
 နေရပ်ပြန်လာကြ သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၃၁-၃-၂၀၁၆

ထိုင်းနိုင်ငံ၊ မဲ့စရိယန်းမြို့နယ် ရှိ မယ်ရာမူ (ခ) မယ်ရမလောင် ဒုက္ခသည်စခန်းတွင် အခြေပြု နေထိုင်ခဲ့သော ဦးစောကြာထူး ဦးစီးသည့် မြန်မာနိုင်ငံသား ၆၈ ဦးသည် မတ် ၂၄ ရက်တွင် ယင်း ဒုက္ခသည်စခန်း မှ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာခဲ့ပြီး ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကမော့လယ် ကျေးရွာရှိ (AGAPE) ခရစ်ယာန် ဘုရားရှိခိုးကျောင်း တွင် ခေတ္တ နေထိုင်လျက် ရှိသည်။

ယင်းသို့ နေရပ်ပြန်လာကြ သူများ စားသောက်ရေး အဆင်ပြေ စေရန်အတွက် ယမန်နေ့ နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဝင်းနှင့် တာဝန်ရှိသူ များက သွားရောက် တွေ့ဆုံ၍ ဆန်၊ ဆီ၊ အာလူး၊ ခေါက်ဆွဲခြောက်နှင့် ကြက်ဥများ ပေးအပ်ခဲ့သည်။

ထိုသို့ ပြန်လည်ဝင်ရောက် လာသူများမှ ၅၅ ဦးသည် သံတောင်ကြီးမြို့နယ်၊ ဘောကလိကြီးမြို့၊ သပြေညွန့် ကျေးရွာတွင် အခြေပြု နေထိုင်ကြမည် ဖြစ်ပြီး ကျန် ၁၃ ဦးသည် ဘားအံမြို့နယ်၊ ရဲသာရွာတွင် အခြေပြုနေထိုင် ကြမည်ဖြစ်သည်။ နေရပ် ပြန်လာကြသူများ သွားလာရေး အဆင်ပြေစေရန် အတွက် ဘားအံခရိုင် အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်း ဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာနတို့မှ တာဝန်ရှိ သူများက မှန်လုံယာဉ် နှစ်စီးဖြင့် စီစဉ်ပေး၍ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment