Pages

Thursday, March 24, 2016

မြန်မာတစ်နိုင်ငံလုံး၌ ကင်းထောက်အင်အား ၂၀၀၀၀ ကျော်ရှိလာသည် အထိ ဆောင်ရွက်သွားမည်




ရန်ကုန် ။ ၂၄-၃-၂၀၁၆

မြန်မာ တစ်နိုင်ငံလုံး၌ ကင်းထောက် အင်အား ၂ဝဝဝဝ ကျော် ရှိလာသည်အထိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကင်းထောက် သင်တန်း ကြီးကြပ်မှု ကော်မတီမှ သိရသည်။

''ကင်းထောက်ရုံးက ရန်ကုန်မြို့ အလုံ အ-ထ-က(၄)မှာ ရှိတယ်။ လောလောဆယ် ကျောင်း ၇၈ ကျောင်းက ကင်းထောက် အင်အား ၉ဝဝဝ ကျော် ရှိနေပါပြီ။ အင်အား ၂ဝဝဝဝ ကျော် ရှိလာဖို့ ရည်မှန်းထား ပါတယ်။ ဘယ်လို အသက်အရွယ် မဆို ပညာ အရည်အချင်း ဆဋ္ဌမတန်းနဲ့ အထက် မိမိ ဆန္ဒရှိတဲ့ သူတိုင်း ရွေးချယ် သင်တန်းပေး ရမှာပါ။ ကျောင်း အသီးသီးက တိုးချဲ့ ဆောင်ရွက် နိုင်ဖို့အတွက် ဖွဲ့စည်းပြီး ၇၈ ကျောင်းသာ မဟုတ်ဘဲ ဆန္ဒပြုလာတဲ့ ကျောင်းအလိုက် ဒီဇင်ဘာလမှာ နောက်ထပ် တိုးချဲ့မယ့် ကျောင်းတွေမှာ သင်တန်း ပေးမယ်။ ကျောင်းတွေမှာ ကင်းထောက် ဦးရေ ဘယ်လောက်လို့ မသတ်မှတ် ထားပါဘူး'' ဟု ကင်းထောက် သင်တန်း ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်ညို က ပြောသည်။

အခြေခံပညာ ကျောင်းများ၌ ပြန်လည် စတင် လုပ်ဆောင် နေသည့် ကင်းထောက် လုပ်ငန်းစဉ်များ ထဲတွင် ကင်းထောက် အမျိုးအစား အလိုက် အဆင့် သတ်မှတ်ချက် များရှိပြီး အသက်အရွယ် ကိုလိုက်၍ အသက် ခုနစ်နှစ်မှ ၁၁ နှစ် မူလတန်း အဆင့်တွင် ဝံပုလွေငယ် အဆင့်၊ အသက် ၁၂ နှစ်မှ အသက် ၁၅ နှစ်အထိ အလယ်တန်း၊ အထက်တန်း အဆင့်တွင် ကင်းထောက် အဆင့်အဖြစ် သတ်မှတ်ထား ခဲ့သည်။

ထို့အတူ အသက် ခုနစ်နှစ်မှ ၁၁ နှစ်အထိ မူလတန်းတွင် ငှက်ပြာ ကင်းထောက် အဆင့်၊ အသက် ၁၂ နှစ်မှ ၁၅ နှစ်အထိ အလယ်တန်း၊ အထက်တန်း အဆင့်တွင် အမျိုးသမီး ကင်းထောက် အဆင့်၊ အသက် ၁၅ နှစ် အထက်ရှိ အထက်တန်း အဆင့်တွင် Rover (လှည့်လည်သူ) ကင်းထောက်အဆင့် ဟူ၍ သတ်မှတ် ထားသည်။ မြန်မာနိုင်ငံ၌ အမျိုးသမီး ကင်းထောက်အဖွဲ့ကို ၁၉၁၆ ခုနှစ် တွင် ဖွဲ့စည်းခဲ့ပြီး ကင်းထောက်လူငယ် အဖွဲ့ အဆင့်ဆင့်ကို ၁၉၂ဝ ပြည့်နှစ်မှ စတင်ဖွဲ့စည်း ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment