Pages

Thursday, March 24, 2016

သင်္ကြန်ကာလတွင် ခွင့်ပြုထားသည့် ရေပိုက်ပမာဏထက် ကျော်လွန်အသုံးပြုပါက ယာယီရေသုံးစွဲခွင့်ငွေ၏ သုံးဆပြန်လည် ပေးဆောင်ရမည်



ရန်ကုန် ၊ ၂၄-၃-၂၀၁၆

သင်္ကြန်ကာလတွင် မဏ္ဍပ်များ၌ ယာယီ ရေသွယ်တန်းခွင့် နှင့် ရေသုံးစွဲမှု ပြုလုပ်ထားပြီး ရေပိုက် ပမာဏကို သတ်မှတ် အသုံးပြုရမည် ဖြစ်သည်။ ထိုသို့ အသုံးပြုရာတွင် ချမှတ်ပေး ထားသည့် ရေပိုက် ပမာဏထက် ကျော်လွန် သုံးစွဲမှုများ တွေ့ရှိလာပါက ယာယီေ ရသုံးစွဲခွင့် အတွက် ပေးဆောင် ထားသည့်ငွေ၏ သုံးဆကို ဒဏ်ကြေးငွေ အဖြစ် ပြန်လည်ပေးဆောင် ရမည် ဖြစ်ကြောင်း သိရသည်။

''ဒီနှစ် ယာယီ ရေသုံးစွဲခွင့် အတွက် တစ်လက်မပိုက် ဆိုရင် ငွေကျပ် ၁၅ဝဝဝဝ၊ တစ်လက်မခွဲပိုက် ဆိုရင် ငွေကျပ်၂၅ဝဝဝဝ၊ နှစ်လက်မပိုက် ဆိုရင် ငွေကျပ် ၃၈ဝဝဝဝ သတ်မှတ်ထား ပါတယ်။ အရင်နှစ် တွေက သင်္ကြန်လေးရက် ဆိုတော့ တစ်လက်မ ပိုက်ကို ငွေကျပ် ၁ဝဝဝဝဝ နှုန်းနဲ့ ခွင့်ပြုခဲ့ တာပါ။ ဒီနှစ်သင်္ကြန်က ငါးရက် ဖြစ်သွားတာကြောင့် တစ်ရက်ပိုတဲ့ အတွက် ဈေးနှုန်း အနည်းငယ် ပြောင်းသွားတဲ့ သဘောပါ။ အများဆုံး ရေသုံးစွဲခွင့်ပြု ထားတာက နှစ်လက်မပိုက် ပါ။ ဒီထက်ပိုပြီး သုံးတယ်ဆိုရင် ဒဏ်ကြေးက သုံးဆပါပဲ။ ပိုသုံးချင်တဲ့ သူတွေအတွက် ကန်တော်ကြီးနဲ့ အင်းယားကန် တို့ကနေ ခွင့်ပြုချက်နဲ့ ရေသုံးစွဲခွင့်  လျှောက်ထားပြီး သုံးစွဲလို့တော့ ရပါတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းမှုဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယာယီ ရေသုံးစွဲခွင့် တွင် ချပေးထားသည့် လက်မထက် ပို၍ သုံးစွဲလိုသူများ အနေဖြင့် ကန်တော်ကြီးနှင့် အင်းယားကန် တို့မှ သွယ်တန်းသုံးစွဲမှု ပြုလုပ်ရမည် ဖြစ်ပြီး သုံးလက်မပိုက် ဆိုလျှင် ငွေကျပ် ၄ဝဝဝဝဝ၊ လေးလက်မပိုက် ဆိုလျှင် ငွေကျပ် ၆၅ဝဝဝဝ နှင့် ခြောက်လက်မ ပိုက်ဆိုလျှင် ငွေကျပ် ၁ဝ သိန်းတို့ဖြင့် ယာယီ ရေသုံးစွဲခွင့် လျှောက်ထား ရမည် ဖြစ်သည်။ လျှောက်ထား ရာတွင်လည်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (လမ်း၊ တံတားဌာန) ၌ မဏ္ဍပ်များ အတည်ပြု ပြီးပါက စတင် လျှောက်ထား နိုင်ပြီဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment