Pages

Friday, March 25, 2016

ဟင်းခတ်အမွှေးအကြိုင် စားသုံးသော ကလေးများ အာဟာရ ပြည့်ဝမှုအားကောင်း



နယူးယောက် ၊ ၂၅-၃-၂၀၁၆

ဟင်းခတ် အမွှေးအကြိုင် များကို သင့်တင့်မျှတစွာ စားသုံးသော ကလေးငယ် များသည် အာဟာရ ပြည့်ဝမှုအား ပို၍ ကောင်းမွန်သည် ကိုတွေ့ရှိ ရကြောင်း အမေရိကန် ပြည်ထောင်စု ဆေးဝါး စောင့်ရှောက်ရေးနှင့် ထောက်ပံ့ ကူညီရေး ဝန်ဆောင်မှုဌာနမှ ထုတ်ပြန် ကြေညာသည်။

''ဟင်းခတ် အမွှေးအကြိုင် တွေဆိုတာ ပိုသွားရင် ခန္ဓာကိုယ်မှာ အဆီတွေ တက်စေနိုင် ပါတယ်။ လူကို ဝ စေနိုင်ပါတယ်။ ဒါပေမဲ့ ကလေးတွေကို ကျွေးတဲ့ အစားအစာ ထဲမှာ ဟင်းခတ် အမွှေးအကြိုင် တွေကို သင့်တင့်မျှတစွာ ထည့်ကျွေးမယ် ဆိုရင် ကလေးတွေ အနေနဲ့ အာဟာရပိုပြီး ပြည့်ဝတာကို တွေ့ရပါတယ်'' ဟု ယင်းဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ကလေးများသည် အစားအသောက် ချေးများကြောင်း၊ ထို့ကြောင့် ဟင်းခတ် အမွှေးအကြိုင် တို့ဖြင့် စနစ်တကျ စီမံပေးပြီး ကလေးများ ကြိုက်အောင် ချက်ပြုတ် ကျွေးမွေးပေးလျှင် ကလေးငယ်များ အာဟာရ ချို့တဲ့သည့် ပြဿနာကို ကူညီဖြေရှင်းပြီး ဖြစ်နိုင်ကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

သို့သော် ကလေးငယ်များ သည် အချို့သော အနံ့များကို လွန်ကျူးစွာ စွဲလန်းလေ့ရှိပြီး အချို့အနံ့ များကို မနှစ်သက် ကြကြောင်း၊ ထိုမှတစ်ဆင့် စားသည့် အစာနှင့် မစားသည့် အစာ ကွဲပြားသွားကာ အစားအသောက် ဟန်ချက်ပျက် သွားလေ့ ရှိကြောင်း၊ ထို့ကြောင့် အချို့ကလေးများ အလွန်ပိန်ပြီး အချို့ကလေးများ အလွန်ဝကြောင်း၊ ဆေးပညာ အမြင်တွင် ပိန်လွန်းခြင်း သည် အာဟာရ ချို့တဲ့ခြင်း ဖြစ်နိုင် သကဲ့သို့ ဝလွန်းခြင်း သည်လည်း အာဟာရ မမျှတခြင်း ပင်ဖြစ်၍ ရသင့် ရထိုက်သော အာဟာရ များကို မရရှိသည့် ပြဿနာ သာလျှင် ဖြစ်သည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment