Pages

Friday, March 25, 2016

လူသေများထံမှ ထွက်သော BIOMASS ကို လျှပ်စစ်စွမ်းအားအဖြစ် ထုတ်ယူနိုင်တော့မည်



လန်ဒန် ၊ ၂၅-၃-၂၀၁၆

အနာဂတ် ကာလတွင် လျှပ်စစ်စွမ်းအား ကို လူသေများ မြှုပ်နှံရာ သင်္ချိုင်းများမှ တစ်ဆင့် ထုတ်ယူနိုင်မည့် နည်းပညာများ ရရှိလာ တော့မည် ဖြစ်ကြောင်း သိရသည်။

နယူးယောက် မြို့တော်မှ ပညာရှင် တစ်စုက လူသေများထံမှ ထွက်လာသော BIOMASS ကို မည်သည့် ကာလတွင်မဆို အမြဲတမ်း ရရှိနိုင်သဖြင့် ထိုမှတစ်ဆင့် လျှပ်စစ်စွမ်အား အဖြစ် ထုတ်ယူ နိုင်တော့မည် ဖြစ်သည်။

BATH တက္ကသိုလ်က ကြီးမှူးကျင်းပ ခဲ့သော ပြိုင်ပွဲတွင် နယူးယောက် မြို့တော် ကိုလံဘီယာ တက္ကသိုလ်မှ သုတေသီများက မကြာမီ အနာဂတ်တွင် လူသေမြှုပ်ရသည့် သင်္ချိုင်းပုံစံ ဆန်းဆန်းတစ်ခု တည်ဆောက် သွားမည်ဖြစ်ပြီး အဆိုပါ သင်္ချိုင်းများကို ဗိသုကာ ပညာရှင်များနှင့် အတတ်ပညာရှင် များ၏ နောက်ဆုံးပေါ် တီထွင်မှုများဖြင့် တည်ဆောက် သွားကြမည် ဖြစ်သည်။

လူသားတို့ အတွက် မိမိတို့၏ နောက်ဆုံး နားခိုရာ နေရာများသည် ယနေ့ခေတ် တွေ့နေမြင်နေကျ ပုံစံများနှင့် လုံးဝမတူ ကွဲပြားသည့် အဆောက်အအုံများ ဖြစ်လာမည် ဖြစ်သည်။ ယခင်က မြင်နေကျ သင်္ချိုင်းဂူများနှင့် အမှတ်တရ ကျောက်တိုင်များ ပျောက်ကွယ် နိုင်ပြီး ရှေ့ပြေးပုံစုံ တစ်ချို့ကို နယူးယောက် မြို့တော် ဗိသုကာကျောင်း တွင် ပြသထားရှိသည်။ အာနိုဘေးလ် ဒေသသည် ဗြိတိန်နိုင်ငံ ၏ ရှေ့ပြေးလုပ်ငန်း များ၏ နေရာ ဒေသကြီး ဖြစ်လာဖွယ် ရှိကြောင်း ဒေါက်တာ ထရိုရာ က ရှင်းပြ၍ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment