Pages

Tuesday, March 1, 2016

မုန်လာဥနီက ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်



(ပေါက်ပေါက်)

မုန်လာဥနီကို နေ့စဉ်မှန်မှန် စားသုံးခြင်းသည် မျက်စိ အားကောင်း စေရုံသာမက အမျိုးသမီးရ င်သားကင်ဆာ ဖြစ်နိုင်ခြေကို ၆ဝ ရာခိုင်နှုန်း အထိ လျှော့ချပေး နိုင်ကြောင်း လေ့လာဆန်းစစ်မှု မှတ်တမ်းများ အရ သိရသည်။

မုန်လာဥနီတွင် Betacarotene ဓာတ်ကြွယ်ဝစွာ ပါရှိနေကာ ယင်းဓာတ်သည် သစ်ပင်မှရသော သဘာဝ ဓာတုပစ္စည်း တစ်မျိုးဖြစ်ပြီး မုန်လာဥနီသည် နှလုံးရောဂါနှင့် ကင်ဆာရောဂါ များအတွက် လွန်စွာ ကောင်းကျိုးပြု ကြောင်း ဆေးသုတေသီ များက ရှေးရာစုနှစ်များ ကတည်းက အသိအမှတ်ပြု လာခဲ့ကြသည်။ သို့သော် ယခုနောက်ဆုံး လေ့လာ တွေ့ရှိချက်အရ မုန်လာဥနီသည် တခြား ကင်ဆာရောဂါ များထက် ရင်သား ကင်ဆာအတွက် ပို၍ ဆေးစွမ်းထက်စေသည်ဟု Clinical Nutrition အဖွဲ့အစည်းမှ ထုတ်ဝေသော The American Journal တွင် ဖော်ပြထားသည်။

လေ့လာမှု မှတ်တမ်းများ အရ အင်္ဂလန်နိုင်ငံ၌ နှစ်စဉ် အမျိုးသမီး ဦးရေ ၅၈ဝဝဝ ခန့်သည် ရင်သားကင်ဆာ ဖြစ်ပွားကြပြီး ၄င်းတို့အနက် ရှစ်ပုံတစ်ပုံခန့်မှာ ကင်ဆာကြောင့် သေဆုံးလျက် ရှိကြောင်း သိရသည်။

ယနေ့ ဗြိတိန်နိုင်ငံ၌ မုန်လာဥနီ ထွက်ရှိမှုမှာ တစ်နှစ်လျှင် တန်ချိန် ၇ဝဝဝဝဝ ခန့်ရှိပြီး ယင်းထွက်ကုန် ပစ္စည်းမှ နှစ်စဉ်ပေါင် သန်း ၂၉ဝ ခန့်ရရှိသည်။ ရင်သားကင်ဆာ ဖြစ်ပေါ်ခြင်းမှာ မိမိရွေးချယ် စားသောက် လိုက်သည့် အစားအစာ ပေါ်တွင်လည်း မူတည် နေကြောင်း ဗြိတိန်ရှိ Charity Breast Cancer မှ Dr.Richard Berks က ပြောသည်။

betacarotene ဓာတ်သည် ခန္ဓာကိုယ်ထဲသို့ ရောက်သွားသည့် အခါ ဗီတာမင်အေ အဖြစ် ပြောင်းလဲသွားပြီး အမြင်အာရုံနှင့် ကိုယ်ခံစွမ်းအား တိုးတက်ကောင်းမွန် လာအောင် အထောက်အပံ့ ပေးနိုင်သည်။ အကယ်၍ carotene ဓာတ်မြင့်မားသော မုန်လာဥနီကို ရွေးချယ် စားသုံးခြင်းဖြင့် အမျိုးသမီးများ၏ oestrogen ဟော်မုန်း ထွက်ရှိမှုကို မျှခြေဖြစ်စေကာ ကင်ဆာ အကျိတ်အဖုများ ထွက်ရှိခြင်းကို ဟန့်တားပေး နိုင်ကြောင်း သိရသည်။

ထို့ပြင် မုန်လာဥနီ စားခြင်းမှာ ကိုယ်အလေးချိန် ကိုလည်း ထိန်းညှိ ပေးနိုင်ခြင်းကြောင့် ဤကဲ့သို့ ကိုယ်အလေးချိန် မတက်ခြင်း ကလည်း ရင်သားကင်ဆာ ဖြစ်မလာ နိုင်အောင် တစ်ဖက် တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေသည်။ အမျိုးသမီးထု တစ်ရပ်လုံး ရင်သားကင်ဆာ မဖြစ်စေရန် ကိုယ်အလေးချိန် ထိန်းကာ အာဟာရဓာတ် ကြွယ်ဝသော အစားအစာများကို သင့်တင့်မျှတစွာ စားသုံးသင့်သည်။

သို့ပါ၍ betacarotene ဓာတ်ကြွယ်ဝသော မုန်လာဥနီကို မှန်မှန် စားသုံး၍ ရင်သားကင်ဆာ မဖြစ်စေရန် မိမိကိုယ်ကိုယ် ကာကွယ် စောင့်ရှောက် သင့်ကြောင်း ရေးသားလိုက် ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment