Pages

Tuesday, March 1, 2016

အင်းလေးဒေသ အပါအ၀င် ရှမ်းပြည်နယ်အတွင်း၌ သီးပင်စားပင် အရိပ်ရပင်များကို ယခုဘဏ္ဍာနှစ်မှ စတင်စိုက်ပျိုးမည်



ညောင်ရွှေ ၊ ၁-၃-၂၀၁၆

အင်းလေးဒေသ အပါအဝင် ရှမ်းပြည်နယ် အတွင်း ကျပ် သိန်း ၁ဝဝဝ အကုန်ကျခံကာ သီးပင်စားပင် အရိပ်ရပင်များကို ယခုဘဏ္ဍာ နှစ်မှစတင်၍ စိုက်ပျိုးပေးသွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တော ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ အပင်များ စိုက်ပျိုးနိုင်ရန် နိုင်ငံတော် ဘတ်ဂျက်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး ဘတ်ဂျက် လျာထားချက်ကို နိုင်ငံတော် အစိုးရက ချထားပေးကာ လက်ရှိတွင် ပျိုးပင်များကို စတင် ပျိုးထားကြောင်း၊ ယင်းကဲ့သို့သစ်ပင်များ စိုက်ပျိုးပေး ရာတွင် သီးပင်စားပင်များ အပါအဝင် အရိပ်ရအပင်များ ကိုပါ ထည့်သွင်းစိုက်ပျိုးမည် ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် အတွင်း သစ်တော ပြုန်းတီးမှုများ ရှိလာခြင်းကြောင့် ထိန်းသိမ်းရေး လုပ်ငန်းစဉ် တစ်ခု အနေဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး နှစ်ရှည်သီးပင်စားပင် များကိုပါ ထည့်သွင်း စိုက်ပျိုးပေးမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ သစ်တော ပြုန်းတီးမှု များကြောင့် ယခုနှစ်အတွင်း သဘာဝ ဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးပေးမည့် သီးပင်စားပင်များ တွင် သရက်ပင်၊ တညင်းပင်၊ ထောပတ်သီးပင် စသည်တို့လည်း ပါဝင်မည်ဖြစ်ပြီး ညောင်ရွှေမြို့တွင် ရှိသော အင်းလေးကန် ဒေသ၌လည်း အဆောက်အအုံ များ၊ ဟိုတယ်များတည်ဆောက်မှု များကြောင့် သစ်တော၊ သစ်ပင်များ ဆုံးရှုံးခဲ့ရကာ ယင်းအတွက်လည်း အစားထိုး ပြန်လည်စိုက်ပျိုး ပေးမည် ဖြစ်ကြောင်း၊ အင်းလေးဒေသ သည် ယူနက်စကို၏ လူသားနှင့် ဇီဝအဝန်း နယ်မြေ အဖြစ် သတ်မှတ်ခြင်း ခံထားရပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး များကို ဂရုပြု ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လက်ရှိတွင် အပူချိန်မြင့်မား ခြင်းကြောင့် အင်းလေးကန် ရေပြင်သည် လျော့ကျလာနေပြီး တချို့နေရာ များ၌ စက်လှေများ သွားလာမှု ခက်ခဲလာကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment