Pages

Monday, February 22, 2016

ဂျာမဏီ ITB ခရီးသွားပြပွဲတွင် မြန်မာနိုင်ငံမှ ကုမ္ပဏီ ၃၆ ခု ပါဝင်ပြသမည်



ရန်ကုန် ၊ ၂၂-၂-၂၀၁၆

မြန်မာနိုင်ငံမှ ခရီးစဉ်ဒေသ များကို နိုင်ငံတကာမှ စိတ်ဝင်စားမှု  မြင့်တက်လာ စေရန် ပြည်တွင်းရှိ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ ကုမ္ပဏီပေါင်း ၃၆ ခုသည် ဂျာမနီနိုင်ငံ ၌ ပြုလုပ်မည့် ITB ခရီးသွားပြပွဲသို့ သွားရောက် ပြသမည်ဖြစ်ပြီး ခရီးစဉ်အသစ် တချို့ကိုလည်း မိတ်ဆက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ITB ခရီးသွားပြပွဲကို ဂျာမနီနိုင်ငံ ဘာလင်မြို့၌ မတ် ၉ ရက်မှ ၁၃ ရက်အထိ ပြသမည်ဖြစ်ပြီး ပြည်တွင်းရှိ ဟိုတယ် လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများနှင့် လေကြောင်းလိုင်းများ စုပေါင်း၍ ခရီးစဉ်နှင့် ဝန်ဆောင်မှု များကို ကဏ္ဍအလိုက် ခွဲခြား ပြသပေးသွားမည် ဖြစ်ကြောင်း၊ ထူးခြားမှု အနေဖြင့် ကယားပြည်နယ် ကို ခရီးစဉ်သစ် တစ်ခုအဖြစ် မိတ်ဆက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

''ပြည်တွင်းက ခရီးသွား လုပ်ငန်း တွေအနေနဲ့ ဂျာမနီနိုင်ငံ ဘာလင်မြို့ မှာလုပ်မယ့် ခရီးသွားပြပွဲကို သက်ဆိုင်ရာ ကဏ္ဍအလိုက် သွားရောက် ပြသဖို့ ရှိပါတယ်။ အဲဒီမှာ ခရီးစဉ် အသစ်တချို့ ကိုလည်း မိတ်ဆက်ပေး သွားမှာ ဖြစ်ပါတယ်။ နောက်ပိုင်း လည်း အခုလို ပြပွဲမျိုးတွေမှာ ပါဝင်ပြသ သွားဖို့ရှိပါတယ်'' ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်မှု နှုန်းသည် ၂ဝ၁၄ ခုနှစ်တွင် ၃ ဒသမ ဝ၈ သန်း ရှိခဲ့ရာမှ ၂ဝ၁၅ ခုနှစ်တွင် ၄ ဒသမ ၆၈ သန်းအထိ ရှိလာခဲ့၍ ယမန်နှစ် ကထက် ၅၂ ရာခိုင်နှုန်းကျော် တိုးတက် လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ ထုတ်ပြန် ထားကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၂၅)

No comments:

Post a Comment