Pages

Sunday, February 7, 2016

မြန်မာနိုင်ငံသား သုံးဦးကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာသင်ဆု ပေးအပ်ခဲ့


ရန်ကုန် ၊ ၇-၂-၂၀၁၆

မြန်မာနိုင်ငံရှိ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူ များအား စွမ်းရည်မြှင့်တင် ပေးရန် ရည်ရွယ်၍ နိုင်ငံတကာ တက္ကသိုလ်များ၌ ပညာသင်ယူ နိုင်ရန် မြန်မာနိုင်ငံသား သုံးဦးကို ကမ္ဘာလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) မှ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာသင်ဆု ပေးအပ်ခဲ့ကြောင်း သိရသည်။

''မြန်မာနိုင်ငံသား တွေထဲမှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုင်ရာ ကျွမ်းကျင်မှု တည်ဆောက် ပေးဖို့က နိုင်ငံရဲ့ ကမ္ဘာ့ အဆင့် ဇီဝမျိုးစုံမျိုးကွဲ တွေကို ကာကွယ် စောင့်ရှောက်ရေးမှာ အလွန်အရေးကြီး ပါတယ်'' ဟု WWF (မြန်မာ) ခေတ္တဌာနေ ညွှန်ကြားရေးမှူး William J.Possiel က ပြောသည်။

ထို့ပြင် ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုင်ရာ ကျွမ်းကျင်မှု တည်ဆောက်ရေး နှင့် မြန်မာနိုင်ငံ၏ ကမ္ဘာ့အဆင့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ် စောင့်ရှောက်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံမှ ဘွဲ့ရ ကျောင်းသားသုံးဦး ကို WWF ၏ EFN ( Education for Nature ) အစီအစဉ်က ပညာသင်ဆုများ ပေးအပ်ခဲ့ကြောင်း WWF (မြန်မာ)က သတင်း ထုတ်ပြန်သည်။

၎င်း မြန်မာကျောင်းသား သုံးဦးသည် ဂျပန်နှင့် ထိုင်းနိုင်ငံတို့ရှိ တက္ကသိုလ်များ၌ မြစ်ကြောင်း ထိန်းသိမ်း စောင့်ရှောက်ရေး၊ ရေထွက်ပစ္စည်း မွေးမြူ ထုတ်လုပ်ရေး လုပ်ငန်း စီမံခန့်ခွဲရေးနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ပညာရေး ဘာသာရပ်များကို လေ့လာသင်ယူ ရမည်ဖြစ်ကြောင်း သိရသည်။

သဲသဲ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment