Pages

Sunday, February 7, 2016

သဘာဝအတိုင်း သစ်မွှေးအဆီ ထုတ်ခြင်းထက် ဆေးသွင်းပြီး အဆီထုတ်ယူမှုများ ပိုမိုပြုလုပ်လာ



ရန်ကုန် ၊ ၇-၂-၂၀၁၆

သစ်မွှေးများမှ ထွက်ရှိသည့် သစ်မွှေးဆီများကို ပြင်သစ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ တို့မှ ရေမွှေး၊ အလှကုန် ပစ္စည်းနှင့် ဆေးဝါးများ ထုတ်လုပ်ရန် ဝယ်ယူမှုများ ရှိသောကြောင့် ကချင်၊ ကယား၊ ရှမ်းနှင့် ကရင် စသည့် ပြည်နယ်များ၊ ပဲခူးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့၌ သစ်မွှေးများကို စီးပွားဖြစ် စိုက်ပျိုးမှု များပြားလာကြောင်း သိရသည်။

''သစ်မွှေးပင်က ထွက်တဲ့ သစ်မွှေးဆီကို ဝယ်ယူမှုတွေ ပြုလုပ်လာ ကြတယ်။ သဘာဝအတိုင်း အဆီစုရဖို့က ၁ဝ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အခုလို ဆေးသွင်းပြီး အဆီယူတဲ့ နေရာမှာဆိုရင် အဆီဖြစ်ဖို့က ရာနှုန်းပြည့် သေချာမှု ရှိပါတယ်။ ဒါကြောင့် ဆေးသွင်းပြီး အဆီထုတ်ယူမှု တွေကို လုပ်ငန်းရှင် တွေက အတော်လေး လုပ်လာကြပါပြီ။ ဈေးကွက် အတွင်းမှာလည်း ဆေးသွင်းလို့ရတဲ့ အခဲတွေကို ရောင်းချ မှုတွေ ပြုလုပ်တာပါ။ သစ်မွှေးမှာက ဆေးသွင်းတဲ့ နေရာမှာ အဆီပေါင်းခြင်း နဲ့ အခဲပြုလုပ်ခြင်း ဆိုပြီး နှစ်မျိုးပဲရှိတာပါ။ အခဲက ဈေးကွက်ပိုဝင် တာကြောင့် အခဲကို ရောင်းချမှု ပြုလုပ်နေပါတယ်'' ဟု သစ်မွှေးများကို ဆေးသွင်းပြီး စိုက်ပျိုး ထုတ်လုပ်နေသည့် ကိုဝင်းအောင က ပြောသည်။

လက်ရှိတွင် သစ်မွှေးများအား ဆေးသွင်းပြီး အဆီထုတ်ယူမှု များကို သစ်မွှေး စိုက်ပျိုးသည့် လုပ်ငန်းရှင်များမှ ပြုလုပ်လျက် ရှိပြီး ဈေးကွက် အတွင်းသို့ ယင်း အဆီခဲများကို တင်ပို့မှု မပြုလုပ်နိုင် သေးကြောင်း သိရသည်။

ဈေးကွက်အတွင်း၌ အဆီထွက်သည့် သစ်မွှေးတစ်ပင်၏ ဈေးနှုန်းမှာ အဆီထွက်နှုန်းပေါ် မူတည်၍ ကျပ်ငါးသိန်းမှ သိန်း ၅ဝ အထိရှိကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment