Pages

Friday, February 5, 2016

လူလုပ်သစ်ပင်တု များမှတစ်ဆင့် လျှပ်စစ်စွမ်းအင် ထုတ်ယူ



ပဲရစ် ၊ ၅-၂-၂၀၁၆

ယနေ့ကမ္ဘာ အနှံ့အပြားတွင် တွေ့မြင်နေရသော လျှပ်စစ်ဓာတ်အား ထုတ်လုပ် ပေးသည့် လေရဟတ် ကြီးများ နေရာတွင် လူလုပ် သစ်ပင်တု (ပုံ)များအား အစားထိုး၍ လူသားတို့ အတွက် လိုအပ်သော လျှပ်စစ်ဓာတ်အား များကို ထုတ်လုပ် ပေးသွားမည် ဖြစ်သည်။

လေတိုက်သော အခါ လူလုပ် သစ်ပင်တုများရှိ လူလုပ် သစ်ရွက်တု လေးများက လှုပ်ရှား သွားကြမည် ဖြစ်ပြီး ၄င်း လှုပ်ရှားမှုများမှ တစ်ဆင့် လျှပ်စစ်ဓာတ်အား ထွက်ရှိလာမည် ဖြစ်ကြောင်း သိပံ္ပပညာရှင် များက ရှင်းပြသည်။

သစ်ပင်၏ ပင်စည်နှင့် သစ်ရွက်များကို သံဖြင့်ပြုလုပ် ထားပြီး ပင်စည်အား လေတိုက်၍ သော်လည်းကောင်း၊ သစ်ရွက်များကို တုန်ခါမှု ဖြစ်သွားစေရန် လုပ်ပေးလိုက် ခြင်းဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ေ ပးနိုင်ကြောင်း စက်မှုပညာရှင် များက လက်တွေ့ပြသ နိုင်ခဲ့သည်။

ယနေ့ လက်တွေ့ပြသ လိုက်သော လျှပ်စစ်ဓာတ်အား ထုတ်ပေးနိုင်သော လူလုပ် သစ်ပင်တု လေးများကြောင့် အပြန်ပြန် အလှန်လှန် အသုံးပြုနိုင်သော စွမ်းအင်နှင့် နေရောင်ခြည်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်း တို့သည် အရေးပါသော ကဏ္ဍသို့ မကြာမီေ ရာက်သွား နိုင်ကြောင်း အဖွဲ့ခေါင်းဆောင် ရိုင်ရန်ဟန်နီ က ပြောပြသည်။

နောက်ဆုံးအဆင့် အဖြစ် တုန်ခါမှုများမှ တစ်ဆင့် လျှပ်စစ်ဓာတ်အား များ ဖြစ်ပေါ်လာမည် ဖြစ်သည်။ လူလုပ် သစ်ပင်တုမှ ပင်စည် လှုပ်ရှားမှုနှင့် သစ်ရွက်လေး များ၏ လှုပ်ရှားမှု များသည် လူသားတို့၏ လျှပ်စစ်ဓာတ်အား သုည ဒသမ ၈ ဗို့ ထုတ်လုပ်ပေး သွားမည် ဖြစ်သည်။

၎င်းတီထွင်မှုသည် ပြင်သစ် နိုင်ငံသားများ၏ ကြိုးပမ်းမှု တစ်ရပ် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment