Pages

Tuesday, February 23, 2016

ဈေးနှုန်းနှင့် ဈေးကွက်အားကောင်း သဖြင့် သစ်မွှေးကို တရားမ၀င် ထုတ်လုပ်ရောင်းချမှု ပိုမိုများပြားနေ



မန္တလေး ၊ ၂၃-၂-၂၀၁၆

ဈေးနှုန်းနှင့် ဈေးကွက် အားကောင်းသဖြင့် သစ်မွှေးကို တရားဝင် ထုတ်လုပ် ရောင်းချမှုထက် တရားမဝင် ထုတ်လုပ် ရောင်းချမှု ပိုမို များပြားလျက် ရှိကြောင်း မန္တလေး တက္ကသိုလ် မှ သိရသည်။

''မြန်မာ့ သစ်မွှေးကို တရားမဝင် နည်းလမ်းနဲ့ ရောင်းချမှု များပြားပါတယ်။ အာရပ်တွေက ထိုင်း- မြန်မာ နယ်စပ်ကနေ တရားမဝင် သယ်ယူရောင်းချ သူတွေထဲက ဝယ်ယူပြီး အာရပ်နိုင်ငံ တွေကို သယ်ဆောင်ကြ ပါတယ်'' ဟု မန္တလေး တက္ကသိုလ် သတ္တဗေဒဌာနမှ ပါမောက္ခ၊ ကချင်ပြည်နယ် သစ်မွှေး ဝါသနာရှင်များ အသင်းမှ သစ်မွှေး မျိုးခွဲရေးနှင့် မျိုးကောင်း မျိုးသန့် ရရှိရေး တာဝန်ခံ ဒေါက်တာ ဒေါ်ကလျာလူ က ပြောပြသည်။

ကမ္ဘာ့သစ်မွှေး အသုံးပြုသည့် နိုင်ငံများမှာ အရှေ့ အလယ်ပိုင်း နိုင်ငံများက အများဆုံး ဖြစ်ပြီး ပါကစ္စတန်နိုင်ငံ မှသည် တရုတ်နိုင်ငံ၊ အင်ဒိုချိုင်းနား နိုင်ငံများ၊ မလေးရှား နိုင်ငံ၊ ထိုင်ဝမ်၊ ကိုရီးယား နှင့် ဂျပန်စသည့် အာရှနိုင်ငံ များက ဘာသာ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ အခမ်းအနား များ၌ သစ်မွှေးဆီ များကို တွင်ကျယ်စွာ တန်ဖိုးထား သုံးစွဲလျက် ရှိကြောင်း သိရသည်။

သဘာဝထွက် သစ်မွှေးများ အပြင် သစ်မွှေးတုံး များနှင့် သစ်မွှေးဆီ များကို တွင်ကျယ်စွာ တန်ဖိုးထား သုံးစွဲလျက်ရှိပြီး သဘာဝထွက် သစ်မွှေးများ ရှားပါလာသည် နှင့်အမျှ ဈေးကွက်နှင့် ဈေးနှုန်း အဆမတန် ကြီးထွားလျက် ရှိကြောင်း သစ်မွှေး ဝါသနာရှင်များ အသင်း၏ လေ့လာချက်များ အရ သိရသည်။

ပထမတန်းစား သစ်မွှေး တစ်ကီလို ဈေးနှုန်းသည် အမေရိကန် ဒေါ်လာ ၇ဝဝဝဝ ခန့်ထိရှိပြီး သစ်မွှေးဆီ ၁၁ ဒသမ ၅ ဂရမ်လျှင် အမေရိကန် ဒေါ်လာ ၁ဝဝ မှ ၂၅ဝ ထိ ရောင်းဝယ် ကြသည်။ ထိုသို့ ဈေးကွက်နှင့် ဈေးကောင်း မှုကြောင့် သစ်မွှေး တရားမဝင် ထုတ်လုပ် ရောင်းဝယ်မှုများ များပြားလျက် ရှိကြောင်း၊ ထို့ကြောင့် ရေရှည်တွင် မျိုးမသုဉ်းသည့် နည်းဖြင့် စိုက်ပျိုး ထုတ်လုပ်သည့် သစ်မွှေးပစ္စည်း များကိုသာ ထောက်ခံ လက်မှတ် ထုတ်ပေး၍ ရောင်းဝယ်ခွင့် စနစ် နှင့် အမျိုးအစား၊ ဈေးနှုန်းညှိနှိုင်း စနစ်နှင့် စိုက်ပျိုး ထုတ်လုပ်မှု သုတေသန လုပ်ငန်းများကို နိုင်ငံတကာ အဆင့်တွင် ညှိနှိုင်း အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (၁၈ဝ)

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

No comments:

Post a Comment