Pages

Sunday, February 21, 2016

ချင်းရွှေဟော်မြို့ မြို့အ၀င်သံတံတားအနီး၌ ပေါက်ကွဲမှုဖြစ်ပွား



နေပြည်တော် ၊ ၂၁-၂-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင် ခရိုင်၊ ချင်းရွှေဟော်မြို့၊ မြို့အဝင် သံတံတား ၏ အနောက်ဘက် ခြမ်း မီတာ ၁ဝဝဝ ခန့်အကွာ၌ ယမန်နေ့ နံနက် ၁ နာရီ ဝန်းကျင်ခန့် တွင် ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာအား တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးရာ ကားလမ်း၏ အောက် ကန့်လန့်ဖြတ် ရေနုတ်မြောင်း ဘယ်ဘက်နှင့် ညာဘက်တို့၌ မိုင်းတစ်လုံးစီ ထား၍ ဖောက်ခွဲ ဖျက်ဆီးခြင်း ဖြစ်ေ ကြာင်း တွေ့ရှိ ရပြီး ပေါက်ကွဲမှု ကြောင့် ကားလမ်း၏ အလျား ပေ ၂ဝ၊ အကျယ် ၂၄ ပေ၊ အနက် ၆ ပေခွဲ မြေသား၊ ကတ္တရာများ ပျက်စီးကာ ကားလမ်းဘေးရှိ ဓာတ်တိုင် နှစ်တိုင် ကျိုးပဲ့ ပျက်စီးခဲ့သည်။

ကားလမ်း ပျက်စီးမှုကြောင့် ယာဉ်ကြော ပိတ်ဆို့မှု မရှိစေရေး အတွက် ရှောင်ကွင်း လမ်း ဖောက်လုပ်ပေးပြီး မော်တော်ယာဉ် များ ပုံမှန် သွားလာနိုင်လျက် ရှိကြောင်း နှင့် ကားလမ်းမကြီး ပျက်စီးမှုအား ပြန်လည် ကောင်းမွန် စေရေးအတွက် ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းက ပြုပြင် ဆောင် ရွက် လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment