Pages

Sunday, February 21, 2016

အမျိုးသမီးနှင့် အ၀လွန် ပြဿနာ



အမျိုးသမီးနှင့် အ၀လွန် ပြဿနာ

ပေါက်ပေါက်

အဝလွန်ခြင်းသည် အလှပျက် ရုံသာမက အဝလွန်ကဲ ခြင်းကြောင့် ဒူးနာ၊ ခါးနာ၊ ပေါင်ပွန်းခြင်း တို့အပြင် ဆီးချို၊ သွေးတိုးနှင့် ရင်သား ကင်ဆာ ရောဂါများ ပိုမိုဖြစ်ပွား လာနိုင်သည်။ အဝလွန် ခြင်းကြောင့် အစား အသောက်၊ အဝတ်အထည် အတွက် သာမန် အမျိုးသမီးများ ထက် ပိုမို ကုန်ကျပြီး သွက်လက် ချက်ချာမှု နည်းပါးလာကာ ထင်တိုင်း မပေါက်နိုင် တော့ဘဲ စိတ်ဖိစီး၍ စိတ်ကျ ဝေဒနာကို ခံစားရနိုင်သည်။

အမျိုးသမီးများတွင် အဝလွန်ခြင်းကို ဖြစ်စေသည့် အဓိက အကြောင်းရင်း များမှာ ခန္ဓာကိုယ် အတွင်း ဇီဝကမ္မ ဖောက်ပြန်၍ လည်းကောင်း၊ နေထိုင် စားသောက်သည့် အလေ့အထ မမှန်ကန် ခြင်းကြောင့် လည်းကောင်း ဖြစ်တတ်သည်။

ယနေ့ခေတ်တွင် ဆေးသိပ္ပံနည်း များလည်း တစ်နေ့တခြား တိုးတက်ခေတ်မီ လာသဖြင့် အဝလွန်ကဲခြင်းကို အမြင်တွင် ဝနေခြင်း၊ အဆီများ စုခဲနေခြင်း၊ ဗိုက်ခေါက်ထူခြင်း၊ ဗိုက်ပူခြင်း စသည့် ယေဘုယျ သတ်မှတ်ခြင်းထက် သိပ္ပံနည်းကျ Meal Body Mass ( MBS ) ဖြင့် တွက်ချက်၍ လိုအပ်သလို ကုသနိုင်သည်။

ထို့ပြင် အဝလွန် ပြဿနာ အတွက် သိပ္ပံနည်းကျ ဆောင်ရွက်ပေးသော ဌာနများရှိပြီး ကယ်လိုရီကို တွက်ချက် စားသောက်နည်းဖြင့် ခန္ဓာကိုယ်မှ အဆီဓာတ် ချေဖျက် လျှော့ချနည်း များကို စနစ်တကျ ကုသပေး နိုင်သည်။

ထို့ပြင် မိမိအသိ စိတ်ဓာတ်ဖြင့် အဝမလွန်စေရန် ခံယူချက် ပြင်းပြင်းဖြင့် အနေအထိုင်၊ အစားအသောက် ဆင်ခြင်၍ နိစ္စဓူဝ ကိစ္စကြီးငယ် မှန်သမျှကို လေ့ကျင့်ခန်း ဆန်ဆန် ကိုယ်လက် လှုပ်ရှားပေးရန် အထူး လိုအပ်သည်။

အဝလွန်ခြင်း၏ နောက်ဆက်တွဲ ပြဿနာများမှာ အဝလွန်ကဲသော ဆယ်ကျော်သက် မိန်းကလေး များတွင် အပျိုဖော်ဝင် စောနိုင်ခြင်း သို့မဟုတ် နောက်ကျနိုင်ခြင်း၊ အပျို ဖြစ်သော်လည်း မီးယပ်သွေး လစဉ်မပေါ်ဘဲ လခြားပေါ်ခြင်း၊ တခြား ရောဂါများ မရှိပါဘဲ မီးယပ်သွေး မပေါ်တော့ခြင်း သို့မဟုတ် ထိန်ခြင်း၊ မမျိုးဥကြွေမှု မမှန်ကန်တော့ဘဲ မီးယပ်သွေး လစဉ် မပေါ်ခြင်း၊ အိမ်ထောင်သည်များ အတွက် သားသမီးရရန် ခက်ခဲခြင်း၊

ဆီးထိန်းရ ခက်ခြင်း သို့မဟုတ် ဆီးထွက် လွယ်ခြင်း၊ ကိုယ်ဝန်သည် များတွင် ကလေး အနေအထား၊ ဦးတိုက်ပုံ၊ အရွယ်အစားများ ခန့်မှန်းရ ခက်ခဲခြင်း၊ ကလေး နှလုံးခုန်သံ နားထောင် ရခက်ခဲခြင်းတို့ ဖြစ်ပေါ်တတ်သည်။

အဝလွန်ပြီး ဆီးချိုရောဂါ ဖြစ်နေသည့် မိခင်မှ မွေးဖွားလာသော ကလေးငယ် များသည် သာမန်ကိုယ် အလေးချိန်ရှိပြီး ဆီးချိုရောဂါ မရှိသည့် မိခင်မှ မွေးဖွားလာသော ကလေးများထက် အထီးကျန် စိတ်ဝေဒနာ ဖြစ်နိုင်သော အန္တရာယ် လေးဆပိုများကြောင်း ဂျွန်ဟော့ပ်ကင်း ဘလွန်းဘာ့ဂ် ဆေးကျောင်းမှ သုတေသီများက လေ့လာ တွေ့ရှိခဲ့သည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment