Pages

Friday, February 26, 2016

အဓမ္မစေခိုင်းခံရသည့် အလုပ်သမားများထုတ်လုပ်သော ကုန်ပစ္စည်းများ တင်သွင်းခွင့် ပိတ်ပင်ရေးဥပဒေကြမ်း သမ္မတအိုဘားမား လက်မှတ်ရေးထိုး



ဝါရှင်တန် ၊ ၂၆-၂-၂၀၁၆

အရှေ့တောင်အာရှ ရေလုပ်ငန်း ကျေးကျွန်များ ဖမ်းဆီးသည့် ငါးများ၊ အာဖရိကဒေသမှ ကလေးသူငယ်များ တူးဖော် နေရသည့် ရွှေ သတ္တုများ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ အခွင့်အရေး ခေါင်းပုံဖြတ် ခံနေရသည့် အမျိုးသမီးများ ချုပ်လုပ်သည့် အဝတ်အထည် များကို အမေရိကန် ပြည်ထောင်စုသို့ တင်သွင်းခွင့် ပိတ်ပင်ထားကြောင်း ဥပဒေကြမ်း တစ်ရပ်ကို သမ္မတ အိုဘားမား က ဖေဖော်ဝါရီ ၂၄ ရက်တွင်လက်မှတ်ရေးထိုး ခဲ့ကြောင်း အေပီ သတင်းဌာန က ဖော်ပြခဲ့သည်။ 

အမေရိကန် ပြည်ထောင်စု က ၈၅ နှစ်ကြာ ကျင့်သုံးခဲ့သော ကုန်သွယ်ခွန် စည်းကြပ်ရေး ဥပဒေသည် အဓမ္မစေခိုင်း ခံရသည့် အလုပ်သမား များနှင့် ကလေး လုပ်သားများ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ အမေရိကန် ပြည်ထောင်စုသို့ တင်ပို့မှုကို တားဆီးနိုင်စွမ်း မရှိခဲ့ရာ ယင်း အားနည်းချက် ကို သမ္မတ အိုဘားမား လက်မှတ်ရေးထိုး ခဲ့သည့် ဥပဒေကြမ်းက ဖာထေးပေး နိုင်မည် ဖြစ်သည်။ 

ထိုင်း ရေလုပ်ငန်း ကုမ္ပဏီများသည် ရေလုပ်ငန်း ကျေးကျွန်များ ဖမ်းဆီးထုတ်လုပ် ထားသော ပင်လယ်စာ ထုတ်ကုန်များကို အမေရိကန် ပြည်ထောင်စု သို့ တင်ပို့ခဲ့ကြောင်း အေပီ သတင်းဌာနက ၂ဝ၁၅ ခုနှစ်အတွင်း ဖော်ထုတ်တင်ပြ နိုင်ခဲ့သည်။ အေပီ သတင်းဌာန၏ အဆိုပါ သတင်းကြောင့် ကျေးကျွန်အဖြစ် ခိုင်းစေခံ နေရသော ရေလုပ်သား နှစ်ထောင်ကျော်ကို ဖမ်းဆီးနိုင် ခဲ့ပြီး လူကုန်ကူးသူ အများအပြား နှင့် အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိသည့်  ပင်လယ်စာ ထုတ်ကုန်များနှင့် ရေယာဉ်များ ကိုလည်း သိမ်းဆည်း နိုင်ခဲ့သည်။ 

အမေရိကန် အကောက်ခွန် ဥပဒေများအရ အဓမ္မစေခိုင်းခံ ခဲ့ရသော အလုပ်သမားများ၊ ကလေး အလုပ်သမားများ ထုတ်လုပ်သည့် သွင်းကုန်များကို ပိတ်ပင် ထားသော်လည်း စားသုံးသူ ဈေးကွက် လိုအပ်ချက် ဟူသော အကြောင်း ပြချက်ဖြင့် အကောက်ခွန် ဥပဒေများကို ထိထိ ရောက်ရောက် ကျင့်သုံးနိုင်မှု မရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment