Pages

Monday, February 1, 2016

တတိယအကြိမ်မြောက် နိုင်ငံတကာယဉ်ကျေးမှု ပွဲတော်ကို ဖေဖော်ဝါရီလဆန်းပိုင်းတွင် ကျင်းပမည်


ရန်ကုန် ၊ ၁-၂-၂၀၁၆

တတိယ အကြိမ်မြောက် နိုင်ငံတကာ ယဉ်ကျေးမှုပွဲတော်ကို Horizon International School နှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနတို့ပူးပေါင်း၍ ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ နိုင်ငံတကာ ယဉ်ကျေးမှုပွဲတော် ကျင်းပရခြင်းမှာ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ၏ ရိုးရာယဉ်ကျေးမှု၊ အစားအစာများ၊ ဝတ်စားဆင်ယင်မှုနှင့် ဓလေ့စရိုက်များကို သာမက နိုင်ငံအသီးသီးမှ အထင်ကရ နေရာများ၊ နိုင်ငံ အထိမ်းအမှတ် အိမ်အပြန် လက်ဆောင်များကို ပြပွဲအတွင်း လေ့လာနိုင်စေရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းပြပွဲကို နိုင်ငံခြား ခရီးသွားဧည့်သည် များမှာ အများဆုံး လာရောက်လေ့လာ ကြပြီး ရန်ကုန်မြို့ အခြေစိုက် သံရုံး ၄ဝ ကျော်ကိုလည်း ဆိုင်ခန်းများ ဖွင့်လှစ် ပြသနိုင်ရန် ဖိတ်ကြား ထားကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတကာ ယဉ်ကျေးမှုပွဲတော် ကို စိတ်ဝင်စားသူ မည်သူမဆို ဝင်ကြေး အခမဲ့ဖြင့် လာရောက်လေ့လာ နိုင်ကြောင်းနှင့် ယင်းပြပွဲကို မင်းဓမ္မလမ်းရှိ Myanmar Convention Center (MCC Hall) ၌ ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီး ဌာနမှ သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment