Pages

Friday, February 5, 2016

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)သို့ ဂျပန်နိုင်ငံမှ ဖလန်မင်ဂိုငှက်များ ရောက်ရှိ



နေပြည်တော် ၊ ၅-၂-၂၀၁၆

ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန သစ်တောဦးစီး ဌာနနှင့် ဂျပန်နိုင်ငံ Sapporo Maruyama Zoo တို့၏ နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက် တိရ စ္ဆာန်များ လဲလှယ်မည့် အစီအစဉ်အရ ဖလန်မင်ဂိုငှက် အကောင်၂ဝ သည် တိရ စ္ဆာန် ဥယျာဉ် (နေပြည်တော်)သို့ ပထမအသုတ် အဖြစ် ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါ ဖလန်မင်ဂိုငှက်များ ရောက်ရှိမှု အခြေအနေနှင့် ငှက်များထားရှိရန် ပြကွက်နေရာ ပြင်ဆင်ထားရှိမှု အခြေအနေအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် က ယမန်နေ့ နံနက်ပိုင်းတွင် ကြည့်ရှု စစ်ဆေးသည်။

ဒုတိယဝန်ကြီးသည် ဖလန်မင်ဂို ငှက်ပြကွက် နေရာအား ယင်းငှက်၏ မူရင်းဒေသ ဂေဟစနစ်နှင့် အနီးစပ်ဆုံး တူညီသည့် အခြေအနေများ ဖန်တီးပြင်ဆင် ဆောင်ရွက်ရန်၊ တိရ စ္ဆာန် ဥယျာဉ် (နေပြည်တော်) အတွင်း တိရ စ္ဆာန် များ၏ ပြကွက်နေရာ များအား အဆင့်မီ ပြသနိုင်ရေး မွမ်းမံပြင်ဆင် ဆောင်ရွက်ရန်၊ တိရစ္ဆာန်များအား အစားအစာ ကျွေးမွေးရာ၌ စိတ်ချလုံခြုံမှု ရှိစေရေး စဉ်ဆက်မပြတ် ကြီးကြပ် ဆောင်ရွက်ရန်၊ ရာသီအလိုက် ကျရောက် တတ်သည့် ရောဂါဘေး အန္တရာယ် မဖြစ်စေရေး ကြိုတင်ကာကွယ် ဆောင်ရွက်ရန်၊ ယခုနှစ် နွေရာသီ၌ အပူချိန် မြင့်မားနိုင်သည့် အတွက် တိရစ္ဆာန်များအား အပူဒဏ်မှ ကာကွယ်နိုင်ရေး လိုအပ်သည့် အစီအမံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် နှင့် ရေပြတ်လပ်မှု မရှိစေရန် အတွက် ကြိုတင်စီမံ ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မကြာမီ ဖွင့်လှစ်တော့မည့် သစ်တောပြတိုက် သို့သွားရောက်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ ဦးစီးဌာနနှင့် လုပ်ငန်းဌာန အလိုက် ပြခန်းများ ခင်းကျင်း ပြသရန် စီစဉ်ဆောင်ရွက် နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးမှာကြား ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။ (၅ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment