Pages

Friday, February 5, 2016

(၂၃)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ




နေပြည်တော် ၊ ၅-၂-၂၀၁၆

(၇၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၃)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့နံနက် ၇ နာရီတွင် နေပြည်တော်၊ တည်းခိုရေး စခန်းရှိ စစ်ရေးပြကွင်း၌ ကျင်းပ ပြုလုပ်ရာ တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ် မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မိုးမြင့်ထွန်း၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ ဆပ်ကော်မတီ ဝင်များ၊ အကဲဖြတ် အမှတ်ပေး အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် စစ်တီးဝိုင်း အဖွဲ့များနှင့် ဖိတ်ကြားထား သူများ တက်ရောက် ကြသည်။

အခမ်းအနား အစီအစဉ် အရ နိုင်ငံတော် အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သား များအား အလေးပြု ကြပြီးနောက် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်က အဖွင့်မိန့်ခွန်း ပြောကြားသည်။ ယင်းနောက် တပ်မတော် ဂုဏ်ပြု စစ်တီးဝိုင်း အဖွဲ့က သရုပ်ပြ တီးခတ် ဖျော်ဖြေရာ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်က ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့် ခဲ့သည်။

အဆိုပါ (၇၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၃)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲကို ဖေဖော်ဝါရီ ၄ ရက်မှ ၁၈ ရက်အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး စစ်တီးဝိုင်း အဖွဲ့ပေါင်း ၅၇ ဖွဲ့ ပါဝင်ယှဉ်ပြိုင် ကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment