Pages

Monday, February 22, 2016

မူဆယ်-လားရှိုးသွား မှန်လုံယာဉ် မိုင်းစထိမှန် ၊ ခရီးသွားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ



နေပြည်တော် ၊ ၂၂-၂-၂၀၁၆

ဖေဖော်ဝါရီ ၁၉ ရက် ည ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်ထောင်စု လမ်းမကြီးအတိုင်း မူဆယ်မှ လားရှိုး ဘက်သို့ ယာဉ်မောင်း ဦးဝင်းအောင်ဌေး မောင်းနှင်သော အားသစ် မှန်လုံ အမြန်ယာဉ်၊ ယာဉ်မောင်း ဦးဝင်းမြင့် မောင်းနှင်သော ၁၂ ဘီး ကုန်တင်ယာဉ်နှင့် ယာဉ်မောင်း ဦးမင်းအောင် မောင်းနှင်သော ရွှေပြည့်စုံ မှန်လုံ အမြန်ယာဉ် တို့သည် မိုင်တိုင် အမှတ်၊ (၁၈၄-၆)နှင့် (၁၈၅-ဝ) ကြား ကုန်းဆင်းနေရာ သို့အရောက် လမ်း၏ ညာဘက် ၄ ပေခန့်အကွာမှ မိုင်းတစ်လုံး ပေါက်ကွဲ ခဲ့သည်။

မိုင်းပေါက်ကွဲ မှုကြောင့် အားသစ် မှန်လုံယာဉ် ၏ ရှေ့မှန်ကြေမွ၊ ယာဉ်ဘေးနံရံ မိုင်းစထိမှန် ခဲ့ပြီး ယာဉ်နောက်လိုက် ညီညီနိုင် ၁၉ နှစ်၏ ညာမျက်စိ အောက် နှာတံအနီး တို့တွင် မိုင်းစထိမှန် ဒဏ်ရာများအား လည်းကောင်း၊ ရွှေပြည့်စုံ မှန်လုံယာဉ် ၏ ရှေ့မှန်ကွဲခဲ့ပြီး ယာဉ်မောင်း မင်းအောင် ၃၃ နှစ်၏ လည်ပင်း ညာဘက်မိုင်းစ ထိမှန်၍ ခရီးသည် ကျော်လှ ၃၁ နှစ်၏ အောက်မေးစေ့ တွင် ပေါက်ပြဲဒဏ်ရာ များအား လည်းကောင်း ဒဏ်ရာများ အသီးသီး ရရှိခဲ့ပြီး ၁၂ ဘီး ကုန်တင်ယာဉ် ၏ ရှေ့မှန်ကွဲ၊ လေအိုးပွင့်၊ တာယာ သုံးလုံးပွင့် ပျက်စီးခဲ့သည်။

အဆိုပါ မိုင်းထိလူနာ သုံးဦးအား လားရှိုး ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ကုသ ခံယူစေလျက် ရှိပြီး ဖြစ်စဉ်ဖြစ်ပွား သည့်နေရာအား နယ်မြေခံ တပ်မတော် စစ်ကြောင်းက နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment