Pages

Monday, February 29, 2016

တောင်အာဖရိကနိုင်ငံတွင် အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားပြီး အငတ်ဘေးဖြင့် ရင်ဆိုင်နေရသည့် ဒုက္ခသည်များ ၂၈ သန်းထိရှိလာ



ပရီတိုးရီးယား ၊ ၂၉-၂-၂၀၁၆

တောင်အာဖရိက နိုင်ငံတွင် အယ်လ်နီညို ရာသီဥတု ကြောင့် မိုးခေါင်ရေရှားပြီး အငတ်ဘေးဖြင့် ရင်ဆိုင်ကြုံတွေ့ နေရသည့် ဒုက္ခသည်များ ၂၈ သန်းထိ ရှိလာပြီ ဖြစ်ကြောငှ်းSouthern African Development Community (SADC) က ထုတ်ပြန်သွား ခဲ့သည်ဟု ရိုက်တာ သတင်းဌာနက ဖေဖော်ဝါရီ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။

လက်ရှိ အခြေအနေအရ သက်ဆိုင်ရာ အစိုးရအဖွဲ့များ အနေဖြင့် ဒုက္ခသည်ဦးရေ များပြားလွန်း သောကြောင့် ကူညီ ပံ့ပိုးမှုများ ပြုလုပ်ပေး သွားရန်အတွက် အခက်အခဲ များဖြင့် ရင်ဆိုင်နေ ရသည်။ ပြီးခဲ့သော ဇန်နဝါရီလက WFP က တောင်အာဖရိက နိုင်ငံတွင် အငတ်ဘေး ဖြင့် ရင်ဆိုင်နေရသော ဒုက္ခသည် ဦးရေ ၁၄ သန်းထိ ရှိနေကြောင်း ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း Southern African Development Community (SADC) မှ ထုတ်ပြန် လိုက်သည့် ဒုက္ခသည် အရေအတွက် မှာ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) က ထုတ်ပြန် သွားခဲ့သည့် ဦးရေထက် နှစ်ဆပိုများ နေကြောင်း သိရသည်။

Southern African Development Community (SADC) မှပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ''လက်ရှိ ကျွန်တော်တို့ အဖွဲ့က ကောက်ယူခဲ့တဲ့ စစ်တမ်းအရ တောင်အာဖရိကမှာ အငတ်ဘေးနဲ့ ရင်ဆိုင်နေရတဲ့ ဒုက္ခသည် ပေါင်း ၂၈ သန်းထိ ရှိနေပါတယ်။ ဒါကလဲ လတ်တလော ဖြစ်ပေါ်ခဲ့တဲ့ အယ်လ်နီညိုကြောင့် ဒုက္ခသည်တွေ ပိုတိုးသွားတာမျိုး ဖြစ်နိုင်ပါတယ်'' ဟု ပြောကြားသွား ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment