Pages

Thursday, January 21, 2016

အစွန်းရောက် အကြမ်းဖက်မှု များနှင့် ဆက်စပ်သည်ဟု သံသယရှိသော အသုံးပြုသူများကို Facebook သုံးစွဲခွင့်ပိတ်ပင်

နယူးယောက် ၊ ၂၁-၁-၂၀၁၆

Facebook ကုမ္ပဏီသည် အစွန်းရောက် အကြမ်းဖက်မှု များနှင့် ဆက်စပ်သည်ဟု သံသယရှိသော အသုံးပြုသူ များကို သုံးစွဲခွင့် ပိတ်ပင်မှုများ တိုးမြှင့် ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ဂျာမနီ ပြည်ထဲရေး ဝန်ကြီးဌာနမှ တောင်းဆို ခဲ့ သောကြောင့် ဂျာမနီနိုင်ငံရှိ သုံးစွဲသူထဲမှ အစွန်းရောက် အကြမ်းဖက် သမားများဟု သံသယရှိသူ များနှင့် အစွန်းရောက်သည့် သဘော သက်ရောက်သော Post တင်သူများကို စစ်ဆေး၍ ပိတ်ပင်မှုများ ပြုလုပ်ခဲ့သည်။

ထို့ပြင် ဥရောပနိုင်ငံ များ၌ အစွန်းရောက် အကြမ်းဖက် သမားများနှင့် ဆက်စပ် နေသည်ဟု ယူဆနိုင်သော သုံးစွဲသူ အမြောက်အမြား ကို တွေ့ရှိ ခဲ့သောကြောင့် Facebook မှ သုံးစွဲမှုပိတ်ပင်ခြင်း များကို အရှိန်မြှင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

Facebook သည် အစွန်းရောက် သမားများ၏ လှုံ့ဆော်သည့် အသွင် သက်ရောက်သော Post များနှင့် အကြမ်းဖက် သမားများဟု ယူဆနိုင်သူ များကို ဖယ်ရှားရန် အမေရိကန် ဒေါ်လာ ၁ သန်းကို ရန်ပုံငွေ အဖြစ် အသုံးပြု သွားမည် ဖြစ်သည်။

အကြမ်းဖက် သမားများသည် Facebook ကဲ့သို့ လူသုံးများသော လူမှုကွန်ရက် များကို အသုံးပြု၍ လူသစ် စုဆောင်းခြင်း၊ အကြမ်းဖက်မှုများ ဖြစ်စေရန် လှုံ့ဆော်ခြင်းများ ပြုလုပ် လာကြောင်း တွေ့ရှိခဲ့ပြီး နောက်တွင် လူမှုကွန်ရက် ကုမ္ပဏီများသည် အကြမ်းဖက်မှုများနှင့် ဆက်နွှယ်သည့် အသုံးပြုသူများ၏ လှုပ်ရှားမှုများကို ဖယ်ရှားနိုင်ရန် ကြိုးပမ်းလာခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ် အတွင်းက အင်ဒိုနီးရှားနိုင်ငံ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှု တွင်လည်း လူမှုကွန်ရက် များကို အသုံးပြု ခဲ့ကြောင်း တွေ့ရှိခဲ့သည်။

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment