Pages

Wednesday, January 6, 2016

အင်ဒိုနီးရှားနိုင်ငံရောက် မြန်မာရေလုပ်သား ၁၄ ဦး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ



ရန်ကုန် ၊ ၆-၁-၂၀၁၆

အင်ဒိုနီးရှားနိုင်ငံ ၊ အန်ဘွန်ကျွန်း၌ ရောက်ရှိနေသော မြန်မာ ရေလုပ်သား ၁၄ ဦးသည် ယမန်နေ့ ည ၆ နာရီ မိနစ် ၅၀ တွင် လေကြောင်းခရီးဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ပြန်လည် ရောက်ရှိ လာသည်။

အဆိုပါ ရေလုပ်သားများအား မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန် ရှိသူများ၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦး စီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုကြသည်။

မြန်မာရေလုပ်သား ၁၄ ဦးသည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးမှ နိုင်ငံသားအဖြစ် အသိအမှတ်ပြု ခံရပြီး မြန်မာသံရုံးနှင့် IOM တို့၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။

အဆိုပါ ရေလုပ်သားများအား လူကုန်ကူးခံရခြင်း ဟုတ်၊ မဟုတ် စိစစ်သွားမည် ဖြစ်ပြီး သက်ဆိုင်ရာနေရပ် များသို့ လူမှုဝန်ထမ်းဦးစီး ဌာနနှင့် IOM တို့မှ မိမိတို့၏ နေရပ်များသို့ ပို့ဆောင် ပေးသွားမည်ဖြစ်သည်။ 

ရေလုပ်သားများ၏ ရပိုင်ခွင့်များကိုလည်း စက်လှေပိုင်ရှင် များနှင့် ဆွေးနွေး ဆောင်ရွက် ပေးထားကြောင်း သိရသည်။

အင်ဒိုနီးရှားရောက် မြန်မာရေလုပ်သားများ ပြန်လည်ခေါ်ယူ ခဲ့ရာတွင် ၂ဝ၁၅ ခုနှစ်အတွင်း ၂၅ ကြိမ်ခေါ်ယူ နိုင်ခဲ့ပြီး ရေလုပ်သား ၁ဝ၂၄ ဦးအား ကယ်တင် နိုင်ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment