Pages

Monday, January 18, 2016

အစားအသောက်များ ဘေးကင်းရန် ထုတ်လုပ်မှု ဖြစ်စဉ်အဆင့်ဆင့်တွင် စနစ်ကျရန် အရေးကြီး



ရန်ကုန် ၊ ၁၈-၁-၂၀၁၆

ပြည်တွင်းရှိ အစားအသောက်များ ထုတ်လုပ်သည့် လုပ်ငန်းများတွင် စားသုံးသူများ အန္တရာယ်ကင်းရှင်း စေရန် ထုတ်လုပ်ရောင်းချမှု အဆင့်ဆင့်တွင် စနစ်ကျရန် အရေးကြီးကြောင်း အာဟာရဗေဒနှင့် ဓာတ်ခွဲခန်း ဆိုင်ရာ သုတေသီ တစ်ဦးက အကြံပြု ပြောကြားသည်။

ယခင်က စားသောက်ကုန် ထုတ်လုပ် ရောင်းချမှုများသည် တစ်ပိုင်တစ်နိုင် လောက်သာ လုပ်ကိုင်ခဲ့ရာမှ ယခုအခါ ဈေးကွက်တစ်ခု ကဲ့သို့ တွင်ကျယ်လာသည့် အပြင် ထုတ်လုပ်ရောင်းချ သူများတွင် Awal News ကောင်းစွာရှိရန် လိုအပ်သည်။ အရေးကြီးဆုံးမှာ အစားအသောက် လုံခြုံစိတ်ချရမှု (Food Safety) ဖြစ်ပြီး ဒုတိယဦးစားပေး အဖြစ် အရသာကို စဉ်းစားရမည် ဖြစ်ကြောင်း၊ ဘေးဥပဒ် ဖြစ်စေနိုင်သော အရာများကို ခွဲခြမ်းစိတ်ဖြာစ စ်ဆေးခြင်းသည်လည်း အရေးကြီးကြောင်း သိရသည်။

''အစားအသောက် သန့်ရှင်းမှု ဆိုတာဟာ အရေးအကြီးဆုံးပါပဲ။ ဥပမာပြောရရင် ရေဆိုတာ အရသာ ကင်းပါတယ်။ ပေါ့တာတွေ၊ ချိုတာတွေ ဘာတစ်ခုမှ မရှိဘူး။ သန့်ရှင်းမှုရှိဖို့ပဲ လိုတာပါ။ အရသာတွေ ပါနေပြီဆိုရင်တော့ ဒါဟာ မလိုလားအပ်တဲ့ ပစ္စည်းတွေ ပါဝင်နေတယ်လို့ ဆိုရမယ်။ ဒီလိုသန့်ရှင်းမှု ထက်ပိုလာတဲ့ အခါမှာ စားသုံးသူတွေ အတွက် ကျန်းမာရေး ပြဿနာဟာ အနည်းနဲ့အများ ရှိဖြစ်လာမှာပါ'' ဟု ၄င်းက ဆက်လက်ပြောသည်။

ထို့ပြင် အစားအသောက် ထုတ်လုပ်သည့် လုပ်ငန်းများတွင် ထုတ်လုပ်မှုအပိုင်း နှင့် သယ်ယူ ပို့ဆောင်မှုအပိုင်းများ အပါအဝင် Food Chain တစ်ခုလုံးအတွင်း အမှားအယွင်း မဖြစ်စေရန် အရေးကြီးကြောင်း၊ ဈေးကွက် အတွင်းသို့ ရောက်ရှိပြီးမှ ပြန်လည်သိမ်းဆည်း ရသောအဖြစ်မျိုး ကြုံပါက အစားအသောက် လုပ်ငန်းတစ်ခုလုံး ထိခိုက်ကာ Local Public သာမက International Public များကြားတွင်ပါ ထိခိုက်စေနိုင်ကြောင်း သိရသည်။

ထက်ခိုင် (စမ်းချောင်း)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment