Pages

Thursday, January 21, 2016

မြန်မာ့အဖိုးတန်သစ်ခွများ မျိုးမသုန်းစေရန် ၀ိုင်းဝန်းထိန်းသိမ်း ကြရန် အထူးလိုအပ်



နေပြည်တော် ၊ ၂၁-၁-၂၀၁၆

မြန်မာ့အဖိုးတန် သစ်ခွမျိုးများ မျိုးမသုဉ်းစေရန် ဝိုင်းဝန်း ထိန်းသိမ်းကြရန် အထူး လိုအပ်ကြောင်း ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်း (BANCA) ၏ မှတ်တမ်းများ အရ သိရသည်။

ကမ္ဘာပေါ်တွင် သစ်ခွမျိုးစိတ် ပေါင်း ၃၅ဝ၈ဝ ကျော် ခန့်ရှိသည်။ မြန်မာနိုင်ငံတွင် သစ်ခွမျိုးစိတ် ပေါင်း ၁ဝဝဝ မှ ၁၅ဝဝ ခန့် ရှိနိုင်သည်ဟု သိပ္ပံ ပညာရှင်များက ခန့်မှန်းထားပြီး သစ်ခွနက် (Black Orchid) သည် မြန်မာနိုင်ငံ ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ် တစ်ခုတည်း၌သာ ပေါက်ရောက် သည့် ဒေသရင်းမျိုးစိတ် ဖြစ်သည်။

အဆိုပါ သစ်ခွမျိုးရင်းဝင် အပင်များကို အုပ်စုလေးစု ခွဲခြားထားပြီး ၄င်းတို့မှာ မြေပေါက်သစ်ခွ (Terrestrial Orchid) ၊ သစ်ကပ်သစ်ခွ (Epiphytic Orchid) ၊ ကျောက်ပေါ်၌ တွယ်ကပ်သစ်ခွ (Lithophytic Orchid) ၊ ဆွေးမြည့် ပစ္စည်းပေါ်၌ တွယ်ကပ်သစ်ခွ (Saprophytic Orchid) တို့ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ရိုးမ၊ စစ်ကိုင်း တိုင်း ဒေသကြီး၊ ချင်းတွင်းမြစ်ဝှမ်း၊ ကချင်ပြည်နယ်၊ ခါကာဘိုရာဇီ ဝန်းကျင်ဒေသ တို့တွင် ရှားပါး သစ်ခွမျိုး များလည်း တွေ့ရှိရသည်။

မြန်မာ့သစ်ခွမျိုး များကို သဘာဝ အနေဖြင့် ထိန်းသိမ်းခြင်းနှင့် မျိုးစိတ်များ ရှာဖွေစုဆောင်း မှတ်တမ်းယူ၍ သိပ္ပံနည်းကျ ထိန်းသိမ်းခြင်း ဟူသော လုပ်ငန်းစဉ် နှစ်ရပ်ကို အကောင် အထည်ဖော် ဆောင်ရွက်ရန်နှင့် တရားမဝင် သစ်ခွစုဆောင်း မှုနှင့် တရားမဝင် နိုင်ငံခြားသို့ တင်ပို့မှု များကြောင့် မြန်မာ့အဖိုးတန် သစ်ခွမျိုးများ မျိုးသုဉ်း မပျောက်ကွယ်သွား စေရန် ဝိုင်းဝန်း ထိန်းသိမ်းကြရန် အထူး လိုအပ်ကြောင်း BANCA ၏ မှတ်တမ်းများအရ သိရသည်။ (၁၈ဝ)

ရတနာပုံနေ့စဉ် ၊ စာ(၂၁)

No comments:

Post a Comment