Pages

Monday, January 18, 2016

ပထမဆုံးအကြိမ် ကျင်းပမည့် ကလေးများပွဲတော် ကို ဇန်န၀ါရီ ၂၉ ရက်မှ ၃၁ ရက်ထိ တပ်မတော်ခန်းမ၌ ကျင်းပမည်


ရန်ကုန် ၊ ၁၈-၁-၂၀၁၆

မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပမည့် ကလေးများပွဲတော် (KIDS FAIR 2016 ) ကို ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ သုံးရက်တိုင်တိုင် ရန်ကုန်မြို့ တပ်မတော်ခန်းမ၌ ကျင်းပမည် ဖြစ်ကြောင်း EMG Marketing Group မှ သတင်းထုတ်ပြန် ခဲ့သည်။

ယင်းပြပွဲတွင် ကလေးများနှင့် သက်ဆိုင်သည့် အသုံးအဆောင် ပစ္စည်းများ၊ ကျောင်းများ၊ သင်တန်းများနှင့် ဘဏ်များ၊ ဆေးဝါး အာဟာရများ၊ အစားအစာ၊ အဝတ်အထည်၊ အရုပ်နှင့် စာအုပ်များ စသည့်ဆိုင်ခန်းများ
ပါဝင်ကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် ကလေးများ ဉာဏ်ရည် ဖွံ့ဖြိုးစေရန် လက်ချောင်းများဖြင့် ပန်းချီဆွဲခြင်း ပြိုင်ပွဲ၊ ကလေးများ စိတ်ကူးဉာဏ် ရင့်သန်စေရန် မိမိနှစ်သက်ရာ ဝတ်စုံဖြင့် ဓာတ်ပုံရိုက်ခြင်း စသည့်ပြိုင်ပွဲ များကို ပြပွဲကျင်းပသည့် သုံးရက်စလုံး ထည့်သွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့ရိုးရာ ကစားနည်းပြိုင်ပွဲများ ကိုလည်း ထူးဆန်းသည့် အစီအစဉ်များဖြင့် ကျင်းပပေးသွားမည် ဖြစ်ပြီး ကလေး၊ လူငယ်၊ လူကြီးမရွေး ပါဝင်ဆင်နွှဲနိုင်သည့် မျက်လှည့် အစီအစဉ်နှင့် တခြားအစီအစဉ် များကိုလည်း ထည့်သွင်းဖန်တီး ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment