Pages

Monday, January 18, 2016

အားကစားလှုပ်ရှားမှုအဖြစ် ထားဝယ်တက္ကသိုလ်မှ ဆရာ ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တောင်တက်ပွဲဆင်နွှဲ



ထားဝယ် ၊ ၁၈-၁-၂၀၁၆

၂ဝ၁၅ -၂ဝ၁၆ ပညာသင်နှစ် ထားဝယ် တက္ကသိုလ်၏ အားကစား လှုပ်ရှားမှုအဖြစ် အားကစားနှင့် ကာယပညာ ကော်မတီ၊ ခြေလျင်နှင့် တောင်တက် ဆပ်ကော်မတီမှ ဦးဆောင်ကာ ယမန်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် တောရှည်ကျေးရွာ အနီးရှိ တောမိုးတောင်သို့ တက်ရောက်ကြရာ အဆိုပါ တက္ကသိုလ်မှ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများ တပျော်တပါး ပါဝင်ဆင်နွှဲ ကြသည်။

အဆိုပါ တောင်တက် လှုပ်ရှားမှုကို ထားဝယ်တက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာ ဘဟန်၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ သန်းသန်းဌေး နှင့် ပါမောက္ခ ဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ အထူးပြု
ဘာသာရပ် ၁၄ ခုမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား ၁၅ဝဝ ခန့် တက်ရောက်သည်။

ထားဝယ်တက္ကသိုလ် အားကစား လှုပ်ရှားမှုများကို ယခုပညာသင်နှစ် ပထမနှစ်ဝက် ပညာသင် ကာလအတွင်း ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲ တို့ကို ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း ထားဝယ်တက္ကသိုလ် အားကစားနှင့် ကာယပညာ ကော်မတီမှ သိရသည်။

ကျော်ကျော်လတ်

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment