Pages

Wednesday, January 20, 2016

ရန်ကုန်မျက်စိအထူးကု ဆေးရုံကြီးအား ခုတင်-၅၀၀ ဆံ့ အထူးဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရန် ပြင်ဆင်နေ



ရန်ကုန် ၊ ၂၀-၁-၂၀၁၆

ရန်ကုန်မျက်စိ အထူးကု ဆေးရုံကြီး ပြင်ပလူနာဌာန၌ ဆေးကုသမှု ခံယူလျက် ရှိသည့် လူနာဦးရေမှာ နေ့စဉ် ၆ဝဝ ခန့်ရှိသဖြင့် လာရောက် ကုသသည့် လူနာများ နေရာအခက်အခဲ မရှိစေရန် ခုတင်-၅ဝဝ ဆံ့ အထူးကု
ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင် နိုင်ရေးအတွက် ပြင်ဆင်နေကြောင်း ရန်ကုန်မျက်စိ အထူးကု ဆေးရုံကြီးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်မျက်စိ အထူးကု ဆေးရုံကြီးတွင် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်မှစပြီး မျက်စိ ဝေဒနာရှင် များအား ဆေးဝါးအခမဲ့ ကုသပေးသောကြောင့် လာရောက်ကုသမှု ခံယူသည့် ဦးရေမှာ များပြားလာခြင်း ဖြစ်သည်။ ဝေဒနာရှင်များအား အခမဲ့ကုသ ပေးခြင်းဆို သော်လည်း ကုသမှုပိုင်း၌ အရည်အသွေး ထိန်းသိမ်းပြီး ကျန်းမာရေး ဝန်ဆောင်မှုများ ပေးခြင်းကြောင့် လူနာများ၏ ယုံကြည်မှု ပိုမိုရရှိလာကာ ၂ဝ၁၅ ခုနှစ်အတွင်း မျက်စိအတွင်းတိမ် လူနာဦးရေ ၉ဝဝဝ ခန့်အား ခွဲစိတ်ကုသမှု ပေးခဲ့ရကြောင်း သိရသည်။

ရန်ကုန် မျက်စိအထူးကု ဆေးရုံကြီး ပြင်ပလူနာဌာနသို့ လာရောက် ပြသသည့် လူနာအသစ် ဦးရေမှာ နေ့စဉ် ၃ဝဝ မှ ၄ဝဝ အကြားရှိကာ လူနာအဟောင်း များ၏ နောက်ဆက်တွဲ ကုသမှုအတွက် ပြသသည့် လူနာဦးရေမှာ နေ့စဉ် ၂ဝဝ ခန့်ရှိပြီး တစ်နေ့လျှင် လူနာဦးရေ ၆ဝဝ ခန့် လက်ခံ ကုသမှုပေး နေရကြောင်း သိရသည်။

ထိုကဲ့သို့ လူနာဦးရေ များပြား လာသောကြောင့် အဆောက်အအုံ ထပ်မံတိုးချဲ့ရန် ပြင် ဆင်နေခြင်း ဖြစ်သည်။ လက်ရှိရန်ကုန် မျက်စိအထူးကု ဆေးစိအထူးကု ဆေးရုံကြီး ၏ ဖွဲ့စည်းပုံမှာ ခုတင်-၁၅ဝ ဆံ့ဖြစ်ကာ ခုတင်-၅ဝဝ ဆံ့အထိ အဆင့်မြှင့်တင် နိုင်ရန်အတွက် အဆောက်အအုံများ ထပ်မံတိုးချဲ့ နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment