Pages

Monday, January 25, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံဆွေးနွေး




နေပြည်တော် ၊ ၂၅-၁-၂၀၁၆

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့သည် ယနေ့မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမ ဆောင်၌ တွေ့ဆုံဆွေးနွေး ကြသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ကြပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အတူ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဦးဇော်မြင့်မောင် နှင့် ဒေါက်တာ တင်မျိုးဝင်း တို့ တက်ရောက် ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ရွေးကောက်ပွဲလွန် ကာလ Transition နှင့် တည်ငြိမ် အေးချမ်းရေး ကိစ္စရပ်များ၊ လွှတ်တော်နှင့် ပတ်သက်သော ကိစ္စရပ်များ၊ နောင်ဖြစ်ပေါ် လာမည့် အစိုးရဖွဲ့စည်းရေး ဆိုင်ရာများ၊ NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်း ထာဝရငြိမ်းချမ်းရေး ရရှိရန် ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

မြ၀တီနေ့စဉ်

No comments:

Post a Comment