Pages

Thursday, January 21, 2016

မြစ်သားမြို့ ပေတောကျောင်းဝင်း အတွင်းရှိ စောလူးမင်းကျောက်စာ ကို အမေရိကန်နိုင်ငံ ဟားဗက်တက္ကသိုလ် မှ ဒုတိယအကြိမ် လာရောက်လေ့လာ


ဟားဗက်တက္ကသိုလ်မှ လေ့လာရေးအဖွဲ့


မြစ်သား ၊ ၂၁-၁-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး ၊ မြစ်သားမြို့ ၊ ပေတောကျောင်းဝင်း အတွင်းရှိ စောလူးမင်း ကျောက်စာကို ရန်ကုန်တက္ကသိုလ် ရှေးဟောင်း သုတေသန ဌာနမှ ဒေါက်တာ စံရွှေ ၊ အမေရိကန် နိုင်ငံ ဟားဗက် တက္ကသိုလ်မှ Dr. Lilian Handlin နှင့်အဖွဲ့က ဇန်န၀ါရီ ၁၉ ရက်တွင် လာရောက် လေ့လာခဲ့ကြောင်း သိရသည်။

၎င်းအဖွဲ့သည် ၂၀၁၄ ခုနှစ်က တစ်ကြိမ် လာရောက် လေ့လာခဲ့ဖူး သော်လည်း ဆက်လက် လေ့လာလိုသည် များရှိသဖြင့် ဒုတိယအကြိမ် လာရောက် လေ့လာခြင်း ဖြစ်ကြောင်း ၊ ပျူ ၊ မွန် ၊ ပါဠိ အက္ခရာများကို ၄င်းတို့ သိရှိကြောင်း ၊ မတူညီသည့် အခြား အက္ခရာအချို့ကို ထပ်မံလေ့လာရန် ဖြစ်ကြောင်း ၊ ၄င်းတို့ နားမလည်သော အက္ခရာနှင့် ရေးသည့် စာသုံးမျိုးခန့် ပါရှိကြောင်း၊ အထူး စိတ်ဝင်စားဖွယ် ကောင်းကြောင်း Dr. Weilian ပြောသည်။

Dr. Lilian က စောလူးမင်း အကြောင်း စာတမ်းပြုစု နေသူတစ်ဦး ဖြစ်ကြောင်း၊ ၂ဝ၁၅ ခုနှစ် ဧပြီ ၃ဝ ရက်က ချီကာဂို တက္ကသိုလ်တွင် ယင်းစာတမ်းကို တင်သွင်းခဲ့ကြောင်း၊ အင်အားကြီး မင်းနှစ်ပါး ဖြစ်သော အနော်ရထာ နှင့် ကျန်စစ်သား တို့ကြားတွင် ခုနစ်နှစ်သာ မင်းဖြစ်ခဲ့သည့် စောလူးမင်း အကြောင်းမှာ မထင်မရှား ဖြစ်ခဲ့ကြောင်း၊ အဆိုပါ ကျောက်စာအရ ဆိုလျှင် ၄င်း၏သမိုင်းမှာ ပြောင်း သွား နိုင်ကြောင်း၊ သေချာအောင် အတည်ပြုချင် သဖြင့် ဒုတိယအကြိမ် လာရောက်ခြင်း ဖြစ်ေ ကြာင်း ပြောပြသည်။

ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူ သည် စောလူးမင်း ကျောက်စာကို နှစ်ကြိမ် လာရောက် လေ့လာခဲ့ပြီး ၂ဝ၁၅ ခုနှစ်တွင် ရှေးဟောင်း အမွေအနှစ် တစ်ရပ်အနေ ဖြင့် ရှေးဟောင်း သုတေသန ဌာန၏ ညွှန်ကြားမှုများ အရ ဆက်လက် ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ ဆက်လက်ပြီးလည်း အနက် အဓိပ္ပာယ်များ ကြိုးစားဖော်ထုတ် ရမည် ဖြစ်ကြောင်း၊ သို့မဟုတ်ပါက အမျိုးသား ယဉ်ကျေးမှု အမြတ်ထုတ်ခံ ရနိုင်ဖွယ် ရှိသည်ဟု ဒေသခံများနှင့် တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း၊ စောလူးမင်း ကျောက်စာ ရေးထိုးသည့် နှစ်မှာ သက္ကရာဇ် ၄၄၁ ဟု ဖော်ပြထားပြီး သက္ကတ ဘာသာ၊ ပျူဘာသာ၊ မွန်ဘာသာ၊ ပါဠိဘာသာ လေးမျိုးဖြင့်

နှစ်ဖက်ရေးထိုး ကျောက်စာတစ်ချပ် အဖြစ် ရှေးဟောင်း သုတေသနဌာနမှ အတည်ပြုပြီး ဖြစ်ေ ကြာင်း မြစ်သားမြို့ စောလူးမင်း ကျောက်စာ ထိန်းသိမ်းရေး ကော်မတီဝင် တစ်ဦး၏ ပြောပြချက်အရ သိရသည်။

ရွှေရည်ဦး (မြစ်သား)

ရတနာပုံနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment