Pages

Sunday, January 17, 2016

ချင်းပြည်နယ်၌ ကျပ်လေးဘီလီယံခန့် ကုန်ကျမည့် ပထမဆုံးကောလိပ် တည်ဆောက်မည်


ဟားခါး ၊ ၁၇-၁-၂၀၁၆

ချင်းပြည်နယ်၌ ကျပ် လေးဘီလီယံ ခန့်ကုန်ကျမည့် ပထမဆုံးသော ကောလိပ်ကို တည်ဆောက် သွားမည် ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ကောလိပ်အဆင့် အဖြစ် တည်ဆောက်မည် ဖြစ်ပြီး ဒေသခံ အများစုက တက္ကသိုလ် အဆင့်ကို တည်ဆောက်ပေး စေလိုကြောင်း နှင့် ပထမဆုံး တည်ဆောက်မည့် ကောလိပ်ကို ချင်းပြည်နယ် ဟားခါးမြို့နှင့် တစ်မိုင်ခန့် ကွာဝေးသော မြေဧက ၄၅ဝ အကျယ်အဝန်း၌ တည်ဆောက်ရန် လျာထားကြောင်း သိရသည်။

လက်ရှိတွင် ကျောင်းသား၊ ကျောင်းသူအဆောင်၊ စာသင်ဆောင်၊ ဆရာ၊ ဆရာမ အဆောင် စုစုပေါင်း အဆောင်ငယ် ရှစ်ခုကို စတင်တည်ဆောက် နေကြောင်း၊ နောက်ပိုင်းတွင် ကောလိပ်အဆင့်မှ တက္ကသိုလ် အဆင့်သို့ မြှင့်တင်ပေးမည် ဖြစ်ကြောင်း၊ ကနဦးတွင် တက္ကသိုလ်အဖြစ် ဖွင့်လှစ်နိုင်ရန် မြေနေရာ လုံလောက်မှု မရှိသေးကြောင်း၊ ပြီးခဲ့သည့် နှစ်များအတွင်း ရခိုင်ပြည်နယ် ရှိ စစ်တွေ တက္ကသိုလ်ကို အဆင့်မြှင့်တင် ပေးခဲ့ပြီး တောင်ကုတ် တက္ကသိုလ် ကိုလည်း ဖွင့်လှစ်ပေး နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ တက္ကသိုလ်နှင့် ကောလိပ်ပေါင်း ၁၆၈ ခုရှိပြီး ချင်းပြည်နယ်၌ တက္ကသိုလ်၊ ကောလိပ် မရှိသေးကြောင်း၊ ယခု တည်ဆောက် မည့် ကောလိပ် မြေနေရာ သည် တောင်ကုန်း တောင်တန်းများ အကြားတွင် တည်ရှိပြီး အကောင်းဆုံး ပုံစံဖြင့် တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment