Pages

Friday, January 8, 2016

နဂါးပွက်တောင်ကို လေ့လာသူများ အန္တရာယ်မရှိစေရန် တောင်ထိပ် နဂါးပွက်အိုင်ပတ်လည် ကာရံထားသင့်ဟုဆို



မင်းဘူး ၊ ၈-၁-၂၀၁၆

မကွေးတိုင်း ဒေသကြီး မင်းဘူး(စကု) မြို့နယ်ရှိ နဂါးပွက်တောင် (ခေါ်) ရွှံ့မီးတောင်ကို လေ့လာသူများ အန္တရာယ် မရှိစေရန် တောင်ထိပ် နဂါးပွက်အိုင် ပတ်လည်ကို ကာရံထား သင့်ကြောင်း အဆိုပါ တောင်သို့ လည်ပတ်သူ ခရီးသွား များထံမှ သိရသည်။

မင်းဘူးမြို့ရှိ နဂါးပွက်တောင် မှာ တောင်ထိပ်ဝတွင် ရွှံ့ရည်များ ပွက်ထကာ တောင်အောက်ခြေ သို့ စီးဆင်းလျက် ရှိသော တောင်ဖြစ်သည်။ နေ့စဉ်နှင့် အမျှ နဂါးပွက် တောင်တော်သို့ လာရောက် လည်ပတ်သူ များနှင့် စည်ကားလျက် ရှိသည်။

အဆိုပါ နဂါးပွက် တောင်တော်မှာ နှစ်ခုရှိပြီး မြေအောက်မှ ရွှံ့ရည်များ ပွက်ထွက်လျက် ရှိကြောင်း၊ တောင်ထိပ် နေရာသည် အနည်းငယ်မျှသာ ကျယ်ဝန်းပြီး ရွှံ့ရည်များ ပွက်ထွက်နေသော တောင်ထိပ်ဝထိ တက်ရောက် လေ့လာနိုင်သည်။

''နဂါးပွက် တောင်တော်က ထူးဆန်းပြီး ရွှံ့ရည်တွေ ပွက်ထွက်နေ တာကို လူအများ လေ့လာကြည့်ရှု ကြပါတယ်။ ရွှံ့ရည် တွေကလဲ ပူနွေးတာ လုံးဝမရှိဘဲ အေးနေပါတယ်။ ကြည့်ရှုသူတွေ အထဲမှ လူကြီး၊ လူငယ်ပိုင်းတွေ ပါသလို ကလေးငယ် တွေလဲ ပါပါတယ်။ ရွှံ့ရည်တွေ ပွက်ထွက်နေတဲ့ ထိပ်ဝနားထိ အနီးကပ် ကြည့်ရှုလို့ ရပါတယ်။ မတော်တဆ ကလေးငယ် တွေနဲ့ သက်ကြီးရွယ်အို တွေ ခြေချော်၊ လက်ချော်ဖြစ်ပြီး အထဲကို ပြုတ်ကျသွားရင် အန္တရာယ် ရှိနိုင်ပါတယ်'' ဟု နဂါးပွက် တောင်တော် သို့ လာရောက် ကြည့်ရှုသူ ခရီးသွား တစ်ဦးက ပြောပြသည်။

အဆိုပါ နဂါးပွက်တောင် သည် တောင်ထိပ်တွင် ကာရံထား သော်လည်း အကာအရံများ အတွင်း အနီးမှ ဝင်ရောက် ကြည့်ရှု၍ ရကြောင်း၊ ရွှံ့ရည်များ ပွက်ထွက်နေသော အိုင်အနီး၌ ပတ်လည်ကာရံမှု မရှိကြောင်းနှင့် အိုင်အနီး ပတ်လည် ကာရံထားပြီး အကာအရံ အပြင်ပမှကြည့်ရှု စေပါက အန္တရာယ် ကင်းနိုင်ကြောင်း သိရသည်။

အဆိုပါရွှံ့ရည်များ ပွက်ထွက်နေသော နဂါးပွက်တောင်မှာ တစ်စုံတစ်ခု ထိခိုက်မှု အန္တရာယ်မရှိခဲ့ သော်လည်း အထဲသို့ ကျရောက် သွားပါက အသက်အန္တရာယ် ရှိနိုင်ကြောင်း သိရသည်။ ကြည့်ရှုသူများ အနေဖြင့်လည်း ကလေးသူငယ် များကို အိုင်အနီးခေါ်ဆောင် ကြည့်ရှုစေခြင်းကို သတိထား စေသင့်ကြောင်း၊ ကြည့်ရှုလိုစိတ် များပြီး သတိလက်လွတ် ဖြစ်ပါက အန္တရာယ် ဖြစ်နိုင်ကြောင်း သိရသည်။ (၁၈ဝ)

ရတနာပုံနေ့စဉ် ၊ စာ(၂၂)

No comments:

Post a Comment