Pages

Wednesday, January 6, 2016

(၅၅)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်



နေပြည်တော် ၊ ၆-၁-၂၀၁၆

၂ဝ၁၅-၂ဝ၁၆ ခုနှစ် (၅၅)ကြိမ်မြောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ရေ၊လေ) သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော် စက်ပစ်ကွင်း၌ ကျင်းပပြုလုပ်ရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်၊ ပြင်ဦးလွင် တပ်နယ် မှ တပ်မတော် အရာရှိကြီးများ၊ တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင် သေနတ်ပစ် အသင်းများ၊ မြန်မာ့ တပ်မတော် သေနတ်ပစ် အသင်းမှ ဒိုင်လူကြီးများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ပြိုင်ပွဲဝင် အသင်းများ၏ သရုပ်ပြ ပစ်ခတ်နေမှု များကို ကြည့်ရှု အားပေးကြသည်။

အဆိုပါ (၅၅)ကြိမ်မြောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ရေ၊လေ) သေနတ်ပစ်ပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း ၄၄ သင်းဖြင့် ဇန်နဝါရီ ၂၅ ရက်အထိ ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment