Pages

Wednesday, January 6, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးနိုင်ငံ သံအမတ်ကြီး H.E. Mr.Alcides G. R. Prates အား လက်ခံ တွေ့ဆုံစဉ်

နေပြည်တော်၊ ၆-၁-၂၀၁၆

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင် ၌ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးနိုင်ငံ သံအမတ်ကြီး H.E. Mr.Alcides G. R. Prates အား လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး တို့ တက်ရောက် ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် လျှောက်လှမ်းမှုတွင် အထောက်အကူပြု နိုင်ရန် နှစ်နိုင်ငံ အတွေ့အကြုံများ ဖလှယ်၍ ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့် ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုများ၊ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း စသည်ဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်သည့် နယ်ပယ်များတွင် အရှိန်တိုးမြှင့် လုပ်ဆောင်ရေး၊ တပ်မတော်နှစ်ရပ် အကြား ဆေးပညာရပ် ဆိုင်ရာ၊ အားကစား၊ စိုက်ပျိုးရေးကဏ္ဍ များနှင့် အခြားပူးပေါင်း ဆောင်ရွက်နိုင်မည့် နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်ရေး တို့အား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment