Pages

Monday, December 7, 2015

အမေရိကန်ပြည်ထောင်စုတွင် Chromebook ပိုမိုရေပန်းစား လူကြိုက်များ



နယူးယောက် ၊ ၇-၁၂-၂၀၁၅

ကမ္ဘာတစ်ဝန်း iPad လောက၌ Apple iPad ကိုသာ ရွေးချယ် အသုံးပြုကြသည်ဟု ထင်မှတ်ဖွယ် ရှိသော်လည်း လက်တွေ့တွင် အမေရိကန် ပြည်ထောင်စု၌ Apple iPad  ထက် Google ကုမ္ပဏီထုတ် Chromebook က ပိုမို ရေပန်းစားနေပြီး K-12 အထက်တန်းကျောင်း များတွင် ကျောင်းသား၊ ကျောင်းသူ ထက်ဝက်ကျော်က Chromebook ကိုသာ ရွေးချယ် အသုံးပြု နေကြကြောင်း သိရသည်။

''လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျောင်းတွေမှာ Chromebook အသုံးပြုသူ ဦးရေဟာ တစ် ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ အခု အသုံးပြုသူ ဦးရေ ၅ဝ ရာခိုင်နှုန်း ကျော်သွားတယ် ဆိုတာ မြန်ဆန် လှပါတယ်။ တစ်ချိန်ချိန်မှာ ပညာရေး လောကကို Google က စိုးမိုးလာလိမ့်မယ် ဆိုတာ ခန့်မှန်း မိခဲ့ပေမယ့် ဒီလောက် မြန်ဆန် လိမ့်မယ်လို့တော့ ထင်မှတ်မထား ခဲ့ပါဘူး''ဟု Google Chrome OS ရောင်းချရေး အဖွဲ့အကြီးအကဲ ရာဂျင်ရှေ့သ် က ပြောပြသည်။

''အမေရိကန် ပြည်ထောင်စုရဲ့ ပညာရေး လောကကို အိုင်တီ နည်းပညာ ထိုးဖောက် ဝင်ရောက် လွှမ်းမိုးလာပုံဟာ မြန်ဆန်လွန်း နေပြီး ဒီအမြန်နှုန်းနဲ့ အတူ  Google Chrome အသုံးပြုသူ ဦးရေဟာလဲ တိုးတက် လာတာကို တွေ့ ရပါတယ်။ အခုလို Chromebook တွေကိုရွေးချယ် လာကြတယ် ဆိုတာကလဲ ဈေးနှုန်းသက်သာ တာနဲ့ Chromebook အဟောင်းနဲ့ အသစ်လဲလှယ်ခွင့် ရှိတာလဲ ပါပါတယ်။ အဲဒီလို လဲလှယ်တဲ့ အခါလဲ သူတို့ရဲ့ Cloud ပေါ်မှာသိမ်းဆည်း ထားတဲ့ Data နဲ့ သတင်းအချက် အလက်တွေကို မဆုံးရှုံးတဲ့ အပြင် Chromebook တစ်လုံး ပျက်ပြီး ခေတ္တသုံးမရတဲ့ အချိန်မှာ သက်ဆိုင်ရာက နောက်တစ်လုံး အစားထိုး ပေးတာတွေဟာ ကျွန်တော် တို့ရဲ့ အားသာချက် တွေပဲလို့ ထင်ပါတယ်''ဟု ၄င်းက ဆက်လက် ပြောပြသည်။

အမေရိကန် ပြည်ထောင်စုတွင် Apple iPad များက ၁၉၈ဝ ပြည့်နှစ် မှ ၁၉၉ဝ ပြည့်နှစ်အတွင်း အပြည့်အဝ လွှမ်းမိုးနိုင်ခဲ့ပြီး နောက်ပိုင်းတွင် လက်ပ်တော့ အသုံးပြုမှု ခေတ္တ ခေတ်စားသွားခဲ့သည်။ ယခုအခါ လက်ပ်တော့ ဝယ်ယူသုံးစွဲမှု ကျဆင်း သွားခဲ့ပြီး iPad အမျိုးမျိုးကိုသာ လူအများက အာရုံစိုက် ရွေးချယ်ဝယ်ယူ သုံးစွဲနေကြခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment