Pages

Thursday, December 24, 2015

လယ်ယာမြေမှ မြေဆီလွှာကို ထုတ်ယူရောင်းချခြင်းကြောင့် မြေပျက်၍ သီးနှံအထွက်နှုန်းများ ထိခိုက်နိုင်



မန္တလေး ၊ ၂၄-၁၂-၂၀၁၅

မန္တလေးမြို့၏ အနီးတစ်ဝိုက်တွင် ရှိသော စိုက်ပျိုးမြေများမှ မြေကို ထုတ်ယူ ရောင်းချမှု များ ပြုလုပ်ခြင်းကြောင့် မြေဆီလွှာ ထိခိုက်ပျက်စီးပြီး သီးနှံအထွက်နှုန်းများ ထိခိုက်သွားမည်ဟု မန္တလေး ခရိုင် စိုက်ပျိုးရေးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အများအားဖြင့် ပုသိမ်ကြီးမြို့နယ် အတွင်း၌ ဆောက်လုပ်ရေး လုပ်ငန်းများ ၊ စီမံကိန်းများ ပေါများ လာသည်နှင့်အမျှ လယ်ယာမြေ များကို အခြားအသုံးချ နည်းလမ်းများအရ တည်ဆောက်ရေး လုပ်ငန်းခွင်များ အတွက် လိုအပ်သည့်ဖို့ မြေများကို လယ်ယာမြေများမှ ထုတ်ယူသုံးစွဲလေ့ ရှိကြောင်း သိရသည်။ ထိုသို့သုံးစွဲမှုကို နွေရာသီကာလ စိုက်ပျိုးရေး လုပ်ငန်းများ ခေတ္တနားချိန်တွင် လယ်ယာများမှ မြေကြီးကို တူးဖော် ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ဖို့မြေကို လယ်မြေဆီလွှာများ အသုံးချခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးဌာန များသို့ အသိပေး လုပ်ကိုင်သင့်ကြောင်း သိရသည်။

တောင်သူများ၏ စီးပွားရေး လိုအပ်ချက်အရ ထုတ်ယူမှုနှင့် ပတ်သက်၍ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးချခြင်း ဖြစ်သော်လည်း အဆိုပါ အခြေအနေမှာ မိမိ၏ လုပ်ကွက်မြေများ ပျက်စီးနိုင်သည့် အကြောင်းရင်းကို ဒေသခံများ နားလည်ရန် လိုကြောင်း သိရသည်။

ယေဘုယျ အားဖြင့် မြေထုထည် တစ်လက်မခန့် မြင့်တက်ရန် အချိန်ကာလ ကြာမြင့်စွာ စောင့်ဆိုင်းရလေ့ ရှိပြီး လက်ရှိတွင် နှစ်စဉ် မြေလွှာထု ကိုးလက်မခန်မှ ၁ဝ လက်မခန့် ရောင်းချခြင်း များသည် ရေရှည်တွင် အကျိုးစီးပွား ပျက်စီးစေနိုင်သည့် အကြောင်းရင်းများ ဖြစ်ကြောင်း သိရသည်။

မြေပျက်စီးခြင်း ကြုံတွေ့ပါက မြေပြင်ခြင်းကို ပြန်လည်ပြုလုပ် နိုင်သော်လည်း ရှိရင်းစွဲ မြေဆီလွှာ အရည်အသွေးကို မမီနိုင်ကြောင်း သိရသည်။ မြေဆီလွှာ ထုတ်ယူရောင်းချရာတွင် တစ်ဧကလျှင် ကာလပေါက်ဈေး ငွေကျပ် သုံးသိန်းခွဲခန့် ရှိပြီး ထော်လာဂျီ တစ်စီးစာမှာ အလုပ်သမားခ ငွေကျပ် ၂ဝဝဝ ခန့် ရရှိကြောင်း သိရသည်။

စိုက်ပျိုးမြေများ ပျက်စီးခြင်းကြောင့် ရေရှည်တွင် ပိုးမွှားဒဏ်ကို ခံနိုင်ရည် နည်းပါးလာပြီး အထွက်နှုန်း မမှန်ခြင်း၊ မြေအရည်အသွေး လျော့နည်းခြင်းများ ကြုံတွေ့နိုင်ကြောင်း သိရသည်။ (၁၇၂)

ရတနာပုံနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment