Pages

Thursday, December 31, 2015

အော်ဂဲနစ်သီးနှံများ အရောင်အဆင်း အားနည်း၍ ဈေးကွက်ထိုးဖောက်မှုတွင် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေ



မန္တလေး ၊ ၃၁-၁၂-၂၀၁၅

အော်ဂဲနစ်သီးနှံ များကို စိုက်ပျိုး ထုတ်လုပ်ရောင်းချ မှုတွင် ဓာတုဆေးဝါးများ အသုံးပြုထားခြင်း မရှိခြင်းကြောင့် အရောင်အဆင်း အားဖြင့် ဝင်းဝါမှု လျော့နည်း၍ စားသုံးသူ အများစုကို ဆွဲဆောင်နိုင်မှု အားနည်းခြင်းကြောင့် ဈေးကွက် ထိုးဖောက်မှုတွင် စိန်ခေါ်မှု တစ်ရပ် ဖြစ်နေသည်ဟု မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီး မြို့နယ်ရှိ ရိတ်သိမ်းချိန်လွန် နည်းပညာ သင်တန်းကျောင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

စားသုံးသူ အများစုမှာ ဓာတု ဆေးဝါးများ၊ ဟော်မုန်း ဆေးဝါးများ ပက်ဖျန်း ထားခြင်းကြောင့် ဝင်းဝါ၊ လတ်ဆတ်နေသော ဟင်းသီးဟင်းရွက် နှင့်သစ်သီးဝလံများ ကိုသာ စိတ်ဝင်စားမှု ပိုများကြောင်း၊ ကျန်းမာရေး၊ အသိပညာ ရှိ၍ ဓာတုဆေးဝါး များ၏ ဆိုးကျိုးကို နားလည် သဘောပေါက် သူများသာ အဓိကဝယ်ယူမှု ရှိသဖြင့် စီးပွားရေးအရ တွက်ခြေ ကိုက်မှုတွင်လည်း အားနည်းကြောင်း သိရသည်။

အော်ဂဲနစ် ဈေးဆိုင်များမှာ မန္တလေးမြို့နှင့် အနီးတစ်ဝိုက် တွင် မရှိသလောက် နည်းပါးနေ သေးပြီး စိတ်ဝင်စားမှုလည်း မရှိသေးကြောင်း၊ သို့သော် ကျန်းမာရေး အသိရှိမှုနှင့် နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးများ လျော့နည်းစေရန် အတွက် အော်ဂဲနစ် ဈေးဆိုင် အမြောက်အမြား ဖွင့်လှစ် သင့်ကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

လတ်တလောတွင် သရက်၊ သင်္ဘော၊ နာနတ်၊ သခွား၊ ကျွဲကော၊ တရုတ်ဆီးသီး၊ သံပရာ၊ နဂါးမောက် စသည့်သီးနှံများကို အော်ဂဲနစ် သီးနှံအဖြစ် ရောင်းချနိုင်ပြီ ဖြစ်သည်။ ထို့ပြင် အော်ဂဲနစ် သီးနှံများ ပြန်လည် စိုက်ပျိုးနိုင် သော ကိုင်းကူးကိုင်းဆက် မျိုးကောင်း မျိုးသန့်များ ကိုလည်း အရောင်းဆိုင်တွင် ဝယ်ယူနိုင်ပြီး အဆိုပါ ကိုင်းကူးကိုင်းဆက် မျိုးများ၏ ထူးခြားချက်မှာ သာမန်မျိုးစေ့ စိုက်ပျိုးမှုတွင် ကုန်ဆုံးသော အချိန်ကာလ ထက်ပို၍ စောစွာ အသီးအပွင့်များ ခံစားနိုင်ကြောင်း သိရသည်။ (၁၇၂)

ရတနာပုံနေ့စဉ်

No comments:

Post a Comment