Pages

Tuesday, December 22, 2015

၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၅ ခုနှစ်အထိ မြန်မာနိုင်ငံ၌ တောရိုင်းတိရစ္ဆာန် မှောင်ခိုမှု ၁၇၇ မှုရှိခဲ့



ရန်ကုန် ၊ ၂၂-၁၂-၂၀၁၅

မြန်မာနိုင်ငံ၌ ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၅ ခုနှစ်အထိ တောရိုင်းတိရစ္ဆာ န် တရားမ၀င် ရောင်းဝယ် သယ်ဆောင်မှု ၁၇၇ မှုရှိခဲ့ပြီး နယ်စပ်နှင့် ဆက်စပ်လျက် ရှိသည့် ရှမ်းပြည်နယ်၌ အများဆုံး ဖမ်းဆီးရမိ၍ မန္တလေးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသ ကြီးနှင့် နေပြည်တော် တို့၌လည်း ဖမ်းဆီးရမိမှုများ ရှိကြောင်း သစ်တောဦးစီးဌာန သဘာဝ ပတ်ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနမှ သိရသည်။

တောရိုင်း တိရစ္ဆာန်များ ဖမ်းဆီးရရှိမှု စာရင်းတွင် ဆင်နှင့် ပတ်သက်သည့် အစိတ်အပိုင်း များကို အများဆုံး ဖမ်းဆီးရမိခဲ့ပြီး ဆင်စွယ် အရေအတွက် ၆၁ ခုနှင့် ၅၇ ကီလိုဂရမ်၊ ဆင်သားရေ ၁၂၂၅ ကီလိုဂရမ်၊ အမြီး ၁၂၁ ကီလိုဂရမ်နှင့် ခေါင်းနှင့်အသား တို့ကို ဖမ်းဆီးရမိခဲ့သည့် အပြင် သစ်ခွနှင့် သစ်ခွခြောက်၊ လိပ်၊ ဝက်ဝံ၊ သင်းခွေချပ်၊ သမင်များ၏ အစိတ်အပိုင်း များကိုလည်း ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဆင်များကို ယခင်က အစွယ်ရရုံ သတ်ဖြတ် ခဲ့ကြသော်လည်း ဆင်သားရေနှင့် နှာမောင်းစသည့် အစိတ်အပိုင်းများမှာ တိုင်းရင်းဆေး ဖော်ရာတွင် ဆေးဖက်ဝင် သဖြင့် ဆင်တစ်ကောင် သတ်ပြီးလျှင် အစွယ်သာမက ကျန်အစိတ်အပိုင်း များကိုလည်း ဖြတ်တောက် ယူဆောင်လေ့ ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီးသည် တောဆင်ရိုင်း အများဆုံး ကျက်စားရာ နေရာဖြစ်ပြီး ဆင်များ မကြာခဏ သတ်ဖြတ်ခံ နေရသည့် နေရာလည်း ဖြစ်သဖြင့် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလက တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် သစ်တောဦးစီး ဌာနနှင့် ရဲတပ်ဖွဲ့တို့ ပါဝင်သည့် ဆင်ခိုးဂိုဏ်း ဖမ်းဆီးရေး ပူးပေါင်းစစ်ကြောင်း ဖွဲ့စည်းကာ တရားမဝင် ဆင်ခိုးဂိုဏ်း အဖွဲ့ကို ဖော်ထုတ် နိုင်ခဲ့ကြောင်း၊ မန္တလေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး တို့ရှိ သစ်တောကြိုးဝိုင်း များ၌လည်း ဆင်များ သတ်ဖြတ်ခံ နေရကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment