Pages

Wednesday, December 30, 2015

ညောင်ဦးဒေသထွက် ထန်းလျက်နှင့် ထန်းထွက်ပစ္စည်းလုပ်ငန်း များကို နိုင်ငံခြားသား ကမ္ဘာ့လှည့်ခရီးသွားများ လာရောက်ကြည့်ရှုလေ့လာ



ညောင်ဦး ၊ ၃၀-၁၂-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး ညောင်ဦး ဒေသထွက် ထန်းလျက်လုပ်ငန်း နှင့် ထန်းလျက်ထွက် ပစ္စည်းလုပ်ငန်း များကို နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများ နေ့စဉ် လာရောက်ကြည့်ရှု လေ့လာလျက် ရှိကြောင်း ညောင်ဦးမြို့ နှင့် ကျောက်ပန်းတောင်း မြို့ကြား ရွှေလှိုင်းကျေးရွာ ရှိ ထန်းလျက် လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးထံမှ သိရသည်။

မိုးဥတုမှလွဲ၍ ဆောင်းနှင့်နွေကာလ တို့တွင် ထန်းတက် လုပ်ငန်းသည် အဆင်ပြေ ဝင်ငွေကောင်းသည့် လုပ်ငန်းတစ်ခု ဖြစ်ပြီး ထန်းလျက်နှင့် ထန်းထွက် ပစ္စည်းများ ရောင်းချပေးခြင်း၊ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများကို ကိုယ်တိုင် ချက်လုပ်မှု ပြသပေးခြင်း နှင့် ထန်းထွက်ပစ္စည်း ဝယ်ယူသူ များကို ဧည့်ဝတ် ကျေပွန်စွာ ဧည့်ခံရှင်းလင်း ပြသပေးခြင်း တို့ကြောင့် ရွှေလှိုင်းကျေးရွာ အနီး ထန်းချက်လုပ်ငန်း လုပ်ကိုင်သည့် တဲများတွင် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများဖြင့် နေ့စဉ် စည်ကားလျက် ရှိကြောင်း သိရသည်။

ထန်းရည်မှ တစ်ဆင့် ထန်းလျက် ချက်လုပ်ပုံ အဆင့်ဆင့်ကို ပြသပေးနေ သကဲ့သို့ ထန်းရည်နှင့် ကောက်ညှင်းဆန် မှတစ်ဆင့် ဒေသထွက် သဘာဝ ကောက်ညှင်း အရက်ချက် လုပ်ငန်းများကို ပြသပေးလျက် ရှိသည်။

ညောင်ဦးဒေသသို့ ဝင်ရောက် လာကြသော နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွား များသည် ဧည့်လမ်းညွှန် များ၏ ချိတ်ဆက်မှု များဖြင့် ဒေသတွင်းရှိ လုပ်ငန်းများကို လေ့လာလျက်ရှိရာ မြန်မာနိုင်ငံသား များ၏ ဖြူစင်ရိုးသားမှု၊ဧည့်ဝတ် ကျေပွန်မှုနှင့် ဒေသထွက် အရောအနှော ကင်းသည့် ထွက်ကုန်များကို အထူးနှစ်ခြိုက် လျက်ရှိကြောင်း ဧည့်လမ်းညွှန် များက ပြောပြ၍ သိရသည်။ (၁၅၆)

No comments:

Post a Comment