Pages

Wednesday, December 2, 2015

မြန်မာနိုင်ငံ၌ ရေချိုငါးမျိုးစိတ် အနည်းဆုံး ၃၅၀ ရှိပြီး အများအပြားသည် ဒေသရင်းမျိုးစိတ်များ ဖြစ်နိုင်


သေးငယ်သောငါးမျိုးစိတ် (D.translucida)

မန္တလေး ၊ ၂-၁၂-၂၀၁၅

မြန်မာနိုင်ငံတွင် ရေချိုငါးမျိုးစိတ် အရေအတွက် အနည်းဆုံး ၃၅ဝ ခန့်ရှိပြီး ၄င်းတို့အနက်မှ အများအပြား သည် ဒေသရင်း မျိုးစိတ်များ ဖြစ်နိုင်ကြောင်း ပညာရှင် များ၏ လေ့လာမှု မှတ်တမ်းများနှင့် NBSAP မှ သိရသည်။

အရှေ့တောင် အာရှ ဒေသတွင် မြန်မာရေချို ငါးမျိုးစိတ် များသည် အသိ အနည်းဆုံးသော မျိုးစိတ်များတွင် အပါအဝင် ဖြစ်ကြောင်း၊ ၁၉၉၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ရေချိုငါးမျိုးစိတ် အသစ် ၂၇ မျိုးကို တွေ့ရှိခဲ့ပြီး ၄င်း မျိုးစိတ်အားလုံး သည် ဒေသရင်း မျိုးစိတ်များ ဖြစ်သည်။

မြန်မာနိုင်ငံတွင် တွေ့ရသော အဆိုပါ ဒေသရင်း ငါးမျိုးစိတ်များတွင် သေးငယ်သော ငါး (D.translucida) နှင့် ကမ္ဘာ့ အသေးဆုံး ကျောရိုးရှိ ရေချိုငါးမျိုးစိတ် (D.mirifica) တို့ပါဝင်ကြောင်း NBSAP မှတ်တမ်းများ အရ သိရသည်။

မြန်မာနိုင်ငံ၏ ရေချိုငါးမျိုးစိတ် များသည် အိန္ဒိယ တိုက်ငယ်၏ မျိုးစိတ်များ အဖြစ် လွဲမှားစွာ လူသိများ သောကြောင့် မြောက်မြားလှသော ဒေသရင်း မျိုးစိတ်များသည် သတိထားမိခြင်း မရှိဘဲ ပျောက်ကွယ် သွားကြောင်း လေ့လာသူ များက ထင်မြင် ယူဆချက် ပေးကြသည်။

ဒေသရင်း ငါးမျိုးစိတ်များ အများအပြား ရှိသည့် အင်းလေးကန် အတွင်းရှိ ငါးမျိုးစိတ် များမှာ ပေါင်းစည်းခြင်း မပြုဘဲ သေးငယ်သော နေရာများတွင် စာရင်းကောက် ယူခြင်းကြောင့် ဒေသရင်း ငါးမျိုးများကို အကဲဖြတ်ခြင်း ပြုလုပ်ရန် ခက်ခဲသည်။

ယခုအခါ မြန်မာနိုင်ငံ အတွင်းရှိ မြစ်ချောင်းများနှင့် အင်းအိုင်ကြီး များတွင် ရေချို ဂေဟစနစ် နှင့် မျိုးစိတ်များ ထိန်းသိမ်းနိုင်ရေး အတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ သတ္တဗေဒ ပညာရှင်များ၊ ငါးလုပ်ငန်း ဦးစီးဌာနမှ ပညာရှင်များ၊ သစ်တော ပညာရှင်များက ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်ပြီး မျိုးစိတ်သစ်များ မှတ်တမ်းတင် ဖော်ထုတ်နိုင်ရေး ဆောင်ရွက် နေကြောင်း သိရသည်။ (၁၈ဝ)

ရတနာပုံနေ့စဉ် ၊ စာ(၁၉)

No comments:

Post a Comment