Pages

Thursday, December 3, 2015

ခရီးသွားဧည့်သည် လာရောက် လည်ပတ်မှု များလာသဖြင့် စစ်တွေမြို့၌ ဟိုတယ်များတိုးချဲ့ ဆောက်လုပ်ရန် လိုအပ်


In Rakhine state Cost near Thandwe (Sandoway), Ngapali is one of the beautiful beaches for over 3km along the northen coast in Myanmar.

စစ်တွေ ၊ ၃-၁၂-၂၀၁၅

နိုင်ငံခြား ခရီးသွားဧည့်သည် ဝင်ရောက် လည်ပတ်မှု များသဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဟိုတယ် အခန်းများ တိုးချဲ့ ဆောက်လုပ်ရန် လိုအပ်လာကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်း ဦးစီးဌာနမှ သိရသည်။

''ကျွန်တော်တို့ ဆီကို အနည်းဆုံး ခန့်မှန်းခြေ လစဉ် ခရီးသည် ၄ဝဝ ဝန်းကျင် ဝင်တယ်။ ပြီးခဲ့တဲ့နှစ်က ခရီးသွားရာသီ တုန်းက ခရီးသွား ဧည့်သည် ၁၆ဝဝ လောက် ဝင်တယ်။ မြောက်ဦးကို သွားမယ့် ခရီးသည်တွေ က စစ်တွေကနေ တစ်ဆင့် သွားရတဲ့ အတွက် စစ်တွေမှာ ဟိုတယ်အခန်း ၅ဝဝ လောက် လိုလာမယ်။ စစ်တွေ မြို့မှာက NGO တွေရှိတယ်။ ပြီးတော့ စီးပွားရေး လုပ်ငန်းအတွက် လာရောက်တဲ့ သူတွေလည်း ရှိမယ်'' ဟု ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်တွေမြို့၌ ဟိုတယ်အခန်း စုစုပေါင်း ၁၇၂ ခန်းနီးပါးသာ ရှိပြီး ခရီးသွား အများစုမှာ မြောက်ဦး၊ ငပလီကမ်းခြေ စသည့် ဒေသများသို့ အများဆုံး လည်ပတ်လျက် ရှိရာ နိုင်ငံခြား ခရီးသွား ဧည့်သည်များ တစ်နေ့လျှင် ၄၅ ဦးခန့် ပျမ်းမျှ ဝင်ရောက်လျက် ရှိကြောင်း သိရသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment