Pages

Thursday, December 3, 2015

ထိုင်းနိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသော ဆန်အိတ်ပေါင်း ၈၀၀ ကျော်အား အကောက်ခွန်အမှုတွဲများ ဖွင့်လှစ်ကာ သိမ်းဆည်းထား


ရန်ကုန် ၊ ၃-၁၂-၂၀၁၅

ပြည်တွင်းသို့ အောက်တိုဘာလ အတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် ဆန်အိတ်ပေါင်း ၈၄ဝ ကျော်၊ ကာလတန်ဖိုး ကျပ်သိန်း ၁၄ဝ ကျော်ကို အကောက်ခွန် အမှုတွဲများ ဖွင့်လှစ်ကာ သိမ်းဆည်း ထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါဆန်များမှာ ထိုင်းနိုင်ငံ နယ်စပ်မှတစ်ဆင့် ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး ယင်းဆန်များ ကို မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်း တွင် စားသုံးသူ ကာကွယ်ပေးရေး နှင့် တရား မဝင် ကုန်သွယ်မှု တားဆီးရေးတို့မှ ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရမိ ခဲ့သော ဆန်များအား လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနသို့ နမူနာ ပေးပို့ကာ အရည်အသွေး စစ်ဆေးခြင်း၊ DNA စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးရန် ညှိနှိုင်းခဲ့ကြောင်း၊ ယင်းဌာန အနေဖြင့် လက်ခံ ရရှိသော ဆန်နမူနာ များကို ဈေးကွက် အတွင်းရှိ ထိုင်းဆန်နှင့် အောက်မြန်မာပြည် တွင် အများဆုံး စိုက်ပျိုးလေ့ ရှိသည့် ဧည့်မထ အုပ်စုဝင် စပါးခုနစ်မျိုး နှင့် နှိုင်းယှဉ် စစ်ဆေးခြင်း၊ မော်လီကျူလာ နည်းပညာနှင့် မျိုးရိုးဗီဇ ကွဲပြားမှု DNA စစ်ဆေးခြင်း၊ ဆန် အရည်အသွေးနှင့် ထမင်း အရည်အသွေး စမ်းသပ် စစ်ဆေးခြင်း များကို လုပ်ဆောင်ခဲ့ရာ တွင် ဧည့်မထ အုပ်စုဝင် ဆန်များနှင့် တူညီမှုရှိ၊ မရှိ မျိုးရိုးဗီဇ ကွဲပြားသည်ဟု ဖော်ထုတ်နိုင် ခဲ့ကြောင်း၊ ဆင်းသွယ်လတ် နှင့် ဆင်တူသော်လည်း မျိုးရိုးဗီဇ ကွဲလွဲမှုရှိနေပြီး ဆန်အရည် အသွေး၊ စားသုံးမှု အရည်အသွေး စစ်ဆေးချက် များအရ ပြည်တွင်းဆန် များနှင့် ကွဲလွဲမှု များ ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် အိမ်နီးချင်း နိုင်ငံများနှင့် ကုန်သွယ်မှု ပြုရန် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ လာအိုနိုင်ငံ တို့နှင့် နယ်စပ်ဒေသ များ၌ ကုန်သွယ်ရေး စခန်း ၁၇ ခုကို ဖွင့်လှစ် ဆောင်ရွက်လျက် ရှိသည်။

ထို့ပြင် နယ်စပ်  ကုန်သွယ်ရေး စခန်းများမှ တရားဝင် လုပ်ငန်းလိုင်စင် ဖြင့် ခွင့်ပြုပေးလျက် ရှိသော်လည်း လုပ်ငန်းရှင် များမှ မသမာသော နည်းလမ်းများဖြင့် တင်သွင်းလျက် ရှိသောကြောင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တရားမဝင် ကုန်သွယ်မှု များကို ရေလမ်းကြောင်း၊ လေကြောင်း နှင့် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများတွင် ရှောင်တခင် စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment