Pages

Monday, December 7, 2015

တပ်မတော် ဘောလုံးအကယ်ဒမီ ဖွင့်ပွဲအခမ်းအနား ကျင်းပ


တပ်မတော် အားကစားနှင့် ကာယပညာ  အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး တပ်မတော် ဘောလုံးအကယ်ဒမီ ဖွင့်ပွဲအခမ်းအနား တွင် အဖွင့်အမှာစကား ပြောကြားစဉ်

တပ်မတော် အားကစားနှင့် ကာယပညာ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး နှင့် အဖွဲ့ဝင်များ သင်တန်းသားများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

နေပြည်တော် ၊ ၇-၁၂-၂ဝ၁၅

တပ်မတော် ဘောလုံးအကယ်ဒမီ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်၊ ဇေယျာသီရိ တပ်မတော် အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တပ်မတော် အားကစားနှင့် ကာယပညာ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူ၊ နည်းပြများနှင့် သင်တန်းသားများ တက်ရောက် ကြသည်။

ရှေးဦးစွာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက အဖွင့် အမှာစကား ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌက အမှာစကား ပြောကြားပြီး တပ်မတော် ဘောလုံးအကယ်ဒမီ သို့ အားကစား ပစ္စည်းများအား ပေးအပ် လှူဒါန်းရာ တပ်မတော် အားကစားနှင့် ကာယပညာ အုပ်ချုပ်ရေး အဖွဲ့ ဒုတိယဥက္ကဋ္ဌ တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ် နေလင်းက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။

ယင်းနောက် စစ်ရေးချုပ်နှင့် တက်ရောက် လာကြ သူများသည် တပ်မတော် ဘောလုံး အကယ်ဒမီမှ သင်တန်းသား များ၏ ဘောလုံး ကျွမ်းကျင်မှု သရုပ်ပြ အစီအစဉ်များကို ကြည့်ရှု အားပေးကြပြီး သင်တန်းသား များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြသည်။

တပ်မတော် ဘောလုံးအကယ်ဒမီ ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်ချက်အရ နိုင်ငံတော်၏ ဘောလုံး အားကစား တိုးတက်ရေးတွင် တပ်မတော် အနေဖြင့် တစ်ဖက် တစ်လမ်းမှ အထောက်အကူ ပြုရန်၊ အနာဂတ် မျိုးဆက်သစ် လူငယ်များအား ဘောလုံး အားကစားနည်း ကို နိုင်ငံတကာ အဆင့်မီ မှန်ကန် စနစ်ကျစွာ သင်ယူ တတ်မြောက် နိုင်စေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နှင့် ပူးပေါင်း ဆောင်ရွက် ၍ တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ မိသားစုဝင် များနှင့် တိုင်းစစ်ဌာနချုပ် အလိုက် နယ်မြေများ အတွင်းမှ လူငယ် ၅ဝ ဦးဖြင့် နေပြည်တော်၊ ဇေယျာသီရိ တပ်မတော် အားကစားကွင်း၌ ပညာရေးနှင့် တွဲဖက်ပြီး နိုင်ငံခြား ဘောလုံး နည်းပြ၊ တပ်မတော် ဘောလုံးနည်းပြ များနှင့် တပ်မတော် ပညာရေး နည်းပြများ ဖြင့် ၂ဝ၁၅ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ စတင် လေ့ကျင့် သင်ကြား ပေးလျက် ရှိပြီး လေးနှစ်ကြာ လေ့ကျင့် သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment