Pages

Monday, December 21, 2015

အာဆီယံနိုင်ငံများ၏ ဓလေ့ထုံးစံများ ဓာတ်ပုံပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဓာတ်ပုံပညာရှင်များက ဆုများရရှိ



မန္တလေး ၊ ၂၁-၁၂-၂၀၁၅

ပြည်တွင်း၊ပြည်ပ ဓာတ်ပုံပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပလျက် ရှိရာ နိုင်ငံတကာ ဓာတ်ပုံပြိုင်ပွဲ များတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ဓာတ်ပုံ ပညာရှင်များ ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ဆုပေါင်းများစွာ ရရှိကြသည်ကို သိရသည်။

ယခုနှစ်တွင် ဗီယက်နမ်နိုင်ငံ က ကြီးမှူး ကျင်းပသည့် အာဆီယံ နိုင်ငံများ၏ ဓလေ့ထုံးစံများ ဓာတ်ပုံပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဓာတ်ပုံပညာရှင် မင်းမင်းထွန်း က ဒုတိယဆု၊ ဇေယျာလင်းက တတိယ ဆုနှင့် အထူးဆု အဖြစ် ဇော်ဇော်ထွန်း တို့ ရရှိကြသည်။ ပြိုင်ပွဲတွင် နောက်ဆုံး ဆန်ခါတင် ရရှိသူများကို ဗီယက်နမ်နိုင်ငံ သို့ ဖိတ်ခေါ်ခဲ့ရာ မြန်မာနိုင်ငံမှ ဓာတ်ပုံပညာရှင် ကိုးဦး သွားရောက် ခဲ့ရသည်။

ဆုပေးပွဲကို ဒီဇင်ဘာ ၁၅ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပရာ ပထမဆုကို ဗီယက်နမ် နိုင်ငံက ရရှိခဲ့သည်။ ဆုကြေးငွေမှာ ပထမဆု အမေရိကန် ဒေါ်လာ ၁၅ဝဝ ၊ ဒုတိယဆု အမေရိကန် ဒေါ်လာ ၁၂ဝဝ၊ တတိယဆု အမေရိကန် ဒေါ်လာ ၇ဝဝ နှင့် အထူးဆု ငါးဆုအတွက် အမေရိကန် ဒေါ်လာ ၅ဝဝ စီကို ချီးမြှင့် ပေးခဲ့သည်။

အဆိုပါ ပြိုင်ပွဲသည် နှစ်နှစ်တစ်ကြိမ် ကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး ယခုနှစ်မှာ တတိယ အကြိမ်မြောက် ပြိုင်ပွဲဖြစ်သည်။ ဒုတိယဆု ရရှိသော မြန်မာနိုင်ငံမှ ဓာတ်ပုံပညာရှင် မင်းမင်းထွန်း ၏ ဆုရဓာတ်ပုံမှာ မြန်မာ့ရိုးရာ အလှူပွဲ လှည့်လည် ရာတွင် အသုံးပြုသည့် နားထွင်းများနှင့် လှည်းယဉ် (ပုံ) များကို ရိုက်ကူးထားသော ဓာတ်ပုံ ဖြစ်ကြောင်း သိရသည်။ (ဝ၉၃)

ရတနာပုံနေ့စဉ် ၊ စာ(၁၄)

No comments:

Post a Comment