Pages

Tuesday, December 1, 2015

ပြင်ဦးလွင်မြို့ ဓာတ်တော်ချိုင့်ရေတံခွန် တွင် လာရောက်လည်ပတ် ကြသည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် များဖြင့် စည်ကားလျက်ရှိ


ပြင်ဦးလွင်မြို့ ရှိ ဓာတ်တော်ချိုင့်ရေတံခွန် 

ပြင်ဦးလွင် ၊ ၁-၁၂-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့ ဓာတ်တော်ချိုင့် ရေတံခွန်တွင် လာရောက် လည်ပတ် လေ့လာသည့် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များဖြင့် နေ့စဉ် စည်ကားလျက် ရှိကြောင်း သိရသည်။

''ပြည်တွင်း ခရီးသွား ဧည့်သည်တွေတင် မကဘူး နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေလဲ ဓာတ်တော်ချိုင့် ရေတံခွန်ကို လာရောက် လည်ပတ်ကြ ပါတယ်။ ဓာတ်တော်ချိုင့် ရေတံခွန်က တောင်ထိပ် ကနေ ရေတံခွန် အရောက်ဆင်းဖို့ ခြေကျင် ဆင်းရတာမို့ ပုံမှန်ဆင်းရင် အချိန် တစ်နာရီလောက် ပြန်တက်ရင် နှစ်နာရီလောက် ကြာပါတယ်။

ခရီးက နည်းနည်း လှမ်းပေမယ့် ပြင်ဦးလွင်မှာ အမြင့်ဆုံး ရေတံခွန် ဖြစ်လို့ ရောက်ဖူးအောင် လာကြည့် ကြတဲ့သူများ ပါတယ်။ ရေတံခွန် ရောက်ရင် အပန်းဖြေပြီး မိသားစု နဲ့ အပေါင်းအဖော် အလိုက်စုဖွဲ့ ရေဆင်းချိုး ကြတာမျိုး လုပ်ကြတာမို့ ပျော်စရာ ကောင်းပါတယ်။

ခြေကျင် အဆင်း၊ အတက် မလုပ်နိုင်သူတွေ အတွက် ပုခက်ထမ်းစင် နဲ့ ထမ်းပြီးပို့ ဆောင်ပေး တာမျိုးလဲ ရှိပါတယ်။ ဈေးတော့ နည်းနည်း များပါတယ်'' ဟု ဓာတ်တော်ချိုင့် ရေတံခွန်သို့ လာရောက် လည်ပတ် သူများကို အဆင်း၊အတက် ပစ္စည်းသယ်၊ လူထမ်းသည့် လုပ်ငန်း လုပ်ကိုင်သူ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပြသည်။

ပြင်ဦးလွင်မြို့ အနီးစခန်းမှ တစ်ဆင့် သွားရောက် ရသည့် ဓာတ်တော်ချိုင့် ရေတံခွန် (ပုံ)သည် မန္တလေးတိုင်း ဒေသကြီး အတွင်း အမြင့်ဆုံး ရေတံခွန် တစ်ခုဖြစ်ပြီး စနေ၊ တနင်္ဂနွေနှင့် လပြည့်၊ လကွယ်နေ့ တို့တွင် လာရောက် လည်ပတ်သူ များပြားပြီး တန်ခူးလနှင့် ကဆုန်လ တို့တွင် ပြည်တွင်း၊ပြည်ပ ခရီးသွား ဧည့်သည်များ အများဆုံး လာရောက် အပန်းဖြေ လည်ပတ် လေ့လာကြောင်း သိရသည်။ (၁၄၇)

#Yadanarpondaily

No comments:

Post a Comment